Design

A Furniture Manufacturer Elevating the Home Office

  • by

၂၀၂၀ ခုနှစ် ကုန်ဆုံးရန်နီးကပ်လာသည်နှင့်အမျှ ဒီဇိုင်နာများသည် ယခုနှစ်မှသင်ခန်းစာများကို အသုံးချ၍ နောင်လာမည့်နှစ်အတွက် အကောင်းဆုံးနေရာများကို ခေတ်ရေစီးကြောင်းနှင့်အညီ ဖန်တီးရန်လုပ်ဆောင် လျက် ရှိသည်။ Client အများစုရဲ့ အလိုချင်ဆုံးဆန္ဒ မှာ လက်တွေ့ကျသောအိမ်တွင်းရုံးခန်း ဖြစ်သည်။ “သင်နေထိုင်ရ အဆင်ပြေသောနေရာတွင် သင့်အလုပ်ကိုအကောင်းဆုံးလုပ်နိုင်သည်”ဟု စျေးကွက်ရှာဖွေရေးဒါရိုက်တာ Kristine Braunecker, ကပြောသည်။သြဂုတ်လတွင် ဆန်းသစ်တီထွင်မှုရှိသည့် ဘက်စုံသုံး ပရိဘောဂများဖြင့် ကုမ္ပဏီ အား စတင်မိတ်ဆက်ခဲ့ကြောင်း လည်း ပြောကြားခဲ့သည်။ တိကျပြတ်သားပြီး နှစ်လိုဖွယ်ကောင်းသော ဒီဇိုင်းကိုကြည့်ခြင်းအားဖြင့် Kimball International သည် ကောင်းမွန်သော… Read More »A Furniture Manufacturer Elevating the Home Office

Kvadrat’s Fourth Annual Knit! Features International Designers and Artists

  • by

ကမ္ဘာအနှံ့ဖြစ်ပွားသော ကူးစက်ရောဂါအခြေအနေကြောင့် ဒိန်းမတ်အထည်အလိပ်ကုမ္ပဏီ Kvadrat ရဲ့ လေးကြိမ်မြောက် Ongoing Design Project ကို ကမ္ဘာတဝှမ်းတွင်ကြည့်ရှုနိုင်သည့် အပြန်အလှန် အွန်လိုင်းပြပွဲအဖြစ်,စက်တင်ဘာလတွင် ပွဲ ဦး ထွက် ပြသခဲ့သည်။ ပြပွဲအတွက် အပြည်ပြည်ဆိုင်ရာ ဒီဇိုင်နာများနှင့်အနုပညာရှင် ၂၈ ယောက်သည် Kvadrat Febrik ချည်ထည်များကို အသုံးပြု၍ အပိုင်းအစများဖန်တီးခဲ့သည်။ အထူးအနေဖြင့် နာမည်ကြီးလက်ရာဒီဇိုင်းများအား ဒီပြပွဲမှာပြသခဲ့သည်။

For custom furnishings and interior design, visit The Freckled Fox

  • by

စိတ်၀င်စားစရာကောင်းသောနာမည်ဖြစ်သော The Freckled Fox စတိုးဆိုင်သစ်သည် Clarksville Area ကုန်သည်ကြီးများ အသင်းနှင့်ပူးပေါင်းရန် နောက်ဆုံးပေါ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ စီးပွားရေး လုပ်ငန်း အဖွဲ့ဝင်များဖြစ်သော Mary Beth Haviland နှင့် Rae Gleason တို့က ထူးခြားသော ပစ္စည်းများစွာရှိသောကြောင့်စတိုးဆိုင်ကိုလှည့်ပတ်ကြည့်ရှုရန် လူတိုင်းကို ဖိတ်ကြားခဲ့သည်။ Haviland က “သူတို့စတိုးဆိုင်တွင် ဒေသခံပညာရှင်များစွာက ပြုလုပ်ထားသော စိတ်ကြိုက်ဒီဇိုင်းပုံစံ အများ အပြားရှိပြီး ၎င်းတို့ကိုပြသထားကာ အိမ်တိုင်ရာရောက်တပ်ဆင်မှု များလည်းပြုလုပ်ပေးကြောင်း” ပြောခဲ့သည်။ ကျွန်ုပ်တို့ အတွင်းပိုင်းဒီဇိုင်းဝန်ဆောင်မှုတစ်ခုရသော အိမ်သည် ကျွန်ုပ်တို့ဝန်ဆောင်မှုရသည်နှင့် တပြိုင်နက်… Read More »For custom furnishings and interior design, visit The Freckled Fox

7 interior-design trends that will start to disappear by 2021, and 8 you’ll see everywhere

  • by

Insider များက ၂၀၂၁ ခုနှစ်တွင် နေရာတိုင်း၌ မည်သည့်အလှဆင်မှုပုံစံများသည်Trends ဖြစ်လာပြီး နှင့်မည်သည့် ပုံစံများပျောက်ကွယ်သွားမည်ကို ရှာဖွေရန် ပရော်ဖက်ရှင်နယ်အတွင်းပိုင်းဒီဇိုင်နာများနှင့် စကားပြောခဲ့သည်။ Shiplap ဒီဇိုင်းများပျောက်ကွယ်လာမှု DIY Network ၏“ Philly Revival”အိမ်ရှင်ဖြစ်သူ အတွင်းပိုင်းဒီဇိုင်နာ Rachel Street က shiplap ဒီဇိုင်းများသည် လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်သောTrendsတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရေစိုခံဘုတ်ပြားများအသုံးပြုခဲ့ပြီးနောက် 2010 ခုနှစ် တွင် shiplap boards များအား အတွင်းပိုင်း နံရံများအလှဆင်ဖို့ အသုံးပြုခြင်းသည်ခေတ်မှီ နည်းလမ်းဖြစ်လာခဲ့သည်။ Shiplap… Read More »7 interior-design trends that will start to disappear by 2021, and 8 you’ll see everywhere

SHH Designs New Co-working Space for Young Entrepreneurs in Shanghai

  • by

SHH သည် ရှန်ဟိုင်းရှိ Pudong ခရိုင်တွင် ပူးပေါင်းလုပ်ဆောင်ရန် ရုံးနေရာအသစ်တစ်ခုကို ဒီဇိုင်းဆွဲခဲ့သည်။ ကွမ်ကျိုးတွင် မကြာသေးမီကတူညီသော အဖွဲ့အစည်းအတွက် ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်သော ရုံးကို ဒီဇိုင်းဆွဲခဲ့ပြီး လုပ်ငန်းရှင်နှင့်ဘွဲ့ရလူငယ်များ အတွက်ရည်ရွယ်သည်။ Cohesion အမှတ်တံဆိပ်သည်ကွဲပြား ခြားနားသော အရာဝတ္ထုများ တစ်ခုနှင့်တစ်ခုအပြန်အလှန် ရောနှောပေါင်းစပ်နေပြီး စုံလင်သောအခြေအနေ ကို ဖော်ပြရန် ရွေးချယ်ခဲ့သည်။ SHH ၏ ရည်ရွယ်ချက်မှာ အချိုးအစားကောင်းမွန်စွာဖြင့် သီးခြား ငှားရမ်းထားနိုင်သော ရုံး များ ကိုတည်ဆောက်ရန်နှ င့်လက်ရှိအဆောက်အအုံ၏ မျက်နှာကျက်တည်ဆောက်ပုံကို အမြင့် ၄.၇မီတာ… Read More »SHH Designs New Co-working Space for Young Entrepreneurs in Shanghai

AUK holds first international conference on interior design

  • by

ကြာသပတေးနေ့တွင် အမေရိကန်တက္ကသိုလ်၊ ကူဒစ်တန် (AUK) သည် အတွင်းပိုင်းဒီဇိုင်းနှင့် ပတ်သက်၍ ပထမဆုံးသော အဝေးရောက်အစည်းအဝေးပွဲကိုကျင်းပခဲ့ပြီး ပညာရေးနောက်ခံအမျိုးမျိုးမှ ပါဝင်သူများက ဒီဇိုင်းနယ်ပယ်ရှိ နောက်ဆုံးပေါ် တိုးတက်မှုများကိုဆွေးနွေးနေကြသည် ဟု အစည်းအဝေးပွဲ စီစဉ်သူမှပြောကြားခဲ့သည်။ AUK ၏အတွင်းပိုင်း ဒီဇိုင်းဌာနမှ ၀န်ထမ်းတစ်ဦး ဖြစ်သူ Ahmad Afara က “ထိုပွဲသည် သေးငယ်သော အင်တာနက်အစည်းအဝေး ၃ခု ကျင်းပပြီးနောက် ပထမဆုံးကျင်းပသော အဓိက အစည်းအဝေးပွဲကြီးဖြစ်သည်” တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ Covid-19 ကန့်သတ်ချက်များ ကြောင့် ထိုပွဲကို အွန်လိုင်းတွင်ပြောင်းရွေ့ ကျင်းပခဲ့ခြင်းဖြစ်သည်။… Read More »AUK holds first international conference on interior design

Interior Design Trends That Will Shape the Next Decade

  • by

၂၀၂၀ တွင် လူအများစုသည် အိမ်တွင် အနေများလာသည်နှင့်အမျှ ဗိသုကာပညာရှင်နှင့် ဒီဇိုင်နာများသည်သူတို့၏ အတွင်းပိုင်းဒီဇိုင်းစီမံကိန်းများအတွက်အကောင်းဆုံးဖြေရှင်းနည်းများကို ရှာဖွေသည့်အခါဖောက်သည်များ၏ကောင်းကျိုးကိုတိုးတက်စေခြင်းနှင့်ရောဂါကာကွယ်ခြင်းတွင် ကူညီရမည်ဖြစ်ကြောင်း ပိုမိုသိရှိလာကြသည်။ လာမည့်ဆယ်စုနှစ်အတွင်း အတွင်းပိုင်းဒီဇိုင်းများ  မည်သို့ဖွံ့ဖြိုးလာမည်နှင့်ပတ်သက်၍ ခန့်မှန်းချက်အချို့ပြုလုပ်ရာတွင် အသုံးဝင်သောအချက် အချို့ တွေ့ရှိခဲ့သည်။ (၁) Biophilic Design ဇီ၀နည်းပညာဒီဇိုင်း မိုးလုံလေလုံအပင်များသည် အတွင်းပိုင်းဒီဇိုင်းရေးဆွဲခြင်းတွင် အလွှာအသစ်တစ်ခုဖြစ်လာပြီး ကြီးမားသော အပင်များသည် ခေတ်စားနေသောအရာတစ်ခုဖြစ်သည်။ သဘာဝနှင့်ဆက်သွယ်မှုအချို့ကို  ထိန်းသိမ်းရန် Biophilicဒီဇိုင်းသည်ကျွန်ုပ်တို့၏ကျန်းမာရေး၊စိတ်နှင့်ယေဘုယျ ဂေဟစနစ်ကိုတိုးတက်စေရန် နည်းလမ်းတစ်ခုအဖြစ် ဗိသုကာတည်ဆောက်မှုတွင် သဘာဝအတိုင်း ပေါင်းစပ်ရန်ရည်ရွယ်သည်။ ပြန်လည်ပြုပြင်ထားသောသစ်သားများ၊ ချိတ်ဆွဲထားသောအပင်များ၊ အစိမ်းရောင်နံရံများနှင့် ကြီးမား၍… Read More »Interior Design Trends That Will Shape the Next Decade

Creative Office Designs Outside of Silicon Valley

  • by

ရုံးခန်းနေရာ ချထားပုံသည် ဒီဇိုင်းအားလုံး ပါဝင်သည့်အလျောက် ရုံးအတွင်းရှိအလုပ်သမား များ၏ပျော်ရွှင်မှုအပေါ်တွင်ပါသက်ရောက်နိုင်သည်။ Silicon Valleyသည် “Google၏  တောက်ပပြီး လှပသောအရောင်များဖြင့်အလှဆင်ထားသည့်အပန်းဖြေရန်နေရာများပါဝင်သည့်အံ့ဖွယ်ကောင်းသည့် ရပ်ဝန်း”ကဲ့သို့ တီထွင်ဆန်းသစ်သော ရုံးဒီဇိုင်းများ ကြောင့်လူသိများသည်။  အမေရိကန်အလုပ်သမား ၇၀ရာခိုင်နှုန်းခန့်သည် ပွင့်လင်းမြင်သာမှုရှိသည့် အလုပ်နေရာပုံစံ များတွင် သူတို့၏အလုပ်နေ့ရက်များကို ကုန်ဆုံးလေ့ရှိသည်။ထိုသို့ရုံးတွင်း ဒီဇိုင်းပုံစံသည်အလုပ်သမား များ၏စိတ်အာရုံအား ပျံ့လွှင့်စေပြီး ထုတ်လုပ်မှုအားကိုလဲ လျော့ကျစေ‌နိုင်ကြောင်းကို မကြာသေးမီက လေ့လာတွေ့ရှိခဲ့ကြသည်။ ပွင့်လင်းမြင်သာမှုရှိသည့် ဒီဇိုင်းသည် အကျိုးကျေးဇူးအချို့ ရှိသည်မှာ မှန်သော်လည်း ရုံးခန်းနေရာအားလုံးအတွက် ထိုကဲ့သို့ ဒီဇိုင်းတမျိုးတည်း ကို မပြုလုပ်သင့်ကြောင်းလဲ တွေ့ရှိခဲ့ကြသည်။… Read More »Creative Office Designs Outside of Silicon Valley

Interior Design Trends for 2021

  • by

လာမည့် ၂၀၂၁ခုနှစ် အတွက်စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအလားအလာများနှင့် ဥပမာ တစ်ခုမှာ စက်မှုလုပ်ငန်းနှင့်ဒီဇိုင်းပညာရှင်များသည် ပုံမှန်မဟုတ်ဘဲ ပြန်လည်အသုံးပြုလို့ရသော ပစ္စည်းများကို အခြေခံပြီး ပစ္စည်းများအသစ် ဖန်တီးခြင်း နှင့် သဘာဝနှင့်နည်းပညာများအကြား ကောင်းမွန်မျှတစွာချဉ်းကပ် ခြင်းဖြစ်သည်။ ပင်လယ်မြက်၊ ဝါး၊ ပြောင်း စသည့်သဘာဝပစ္စည်းများ အသုံးပြုခြင်းသည် ခိုင်မာသောနယ်ပယ် တစ်ခုဖြစ်ပြီးခေတ်မီပရိဘောဂပစ္စည်းများ နှင့်အသေးစိတ် အပြင်အဆင်များထုတ်လုပ်မှုအပေါ်လွှမ်းမိုးမှုရှိ သည်။ အဓိကအားဖြင့်စက်မှုလုပ်ငန်းအားလုံးအတွက် ပလပ်စတစ်အသုံးပြုမှုကိုလျှော့ချရန်နှင့် ရှိပြီးသား ပစ္စည်းများကိုပြန်လည်အသုံးပြုရန်ဖြစ်သည်။ အန္တရာယ်ရှိ၍ ညစ်ညမ်းသောအမှိုက်သရိုက်များကို အသုံးဝင်၍ စတိုင်ကျလှပသော ပရိဘောဂများအဖြစ်သို့ ပြန်လည်ပြုပြင်ခြင်းသည်အံ့သြဖွယ်ကောင်းသောနမူနာများနှင့် ခိုင်မာသောလမ်းကြောင်းတစ်ခုဖြစ်သည်။ ခေတ်သစ်အိမ်ဒီဇိုင်းတွင် လူနေမှုနေရာများ အားပေါင်းစပ်… Read More »Interior Design Trends for 2021