Creative Office Designs Outside of Silicon Valley

  • by

ရုံးခန်းနေရာ ချထားပုံသည် ဒီဇိုင်းအားလုံး ပါဝင်သည့်အလျောက် ရုံးအတွင်းရှိအလုပ်သမား

များ၏ပျော်ရွှင်မှုအပေါ်တွင်ပါသက်ရောက်နိုင်သည်။ Silicon Valleyသည် “Google၏  တောက်ပပြီး

လှပသောအရောင်များဖြင့်အလှဆင်ထားသည့်အပန်းဖြေရန်နေရာများပါဝင်သည့်အံ့ဖွယ်ကောင်းသည့်

ရပ်ဝန်း”ကဲ့သို့ တီထွင်ဆန်းသစ်သော ရုံးဒီဇိုင်းများ ကြောင့်လူသိများသည်။ 

အမေရိကန်အလုပ်သမား ၇၀ရာခိုင်နှုန်းခန့်သည် ပွင့်လင်းမြင်သာမှုရှိသည့် အလုပ်နေရာပုံစံ

များတွင် သူတို့၏အလုပ်နေ့ရက်များကို ကုန်ဆုံးလေ့ရှိသည်။ထိုသို့ရုံးတွင်း ဒီဇိုင်းပုံစံသည်အလုပ်သမား

များ၏စိတ်အာရုံအား ပျံ့လွှင့်စေပြီး ထုတ်လုပ်မှုအားကိုလဲ လျော့ကျစေ‌နိုင်ကြောင်းကို မကြာသေးမီက

လေ့လာတွေ့ရှိခဲ့ကြသည်။ ပွင့်လင်းမြင်သာမှုရှိသည့် ဒီဇိုင်းသည် အကျိုးကျေးဇူးအချို့ ရှိသည်မှာ

မှန်သော်လည်း ရုံးခန်းနေရာအားလုံးအတွက် ထိုကဲ့သို့ ဒီဇိုင်းတမျိုးတည်း ကို မပြုလုပ်သင့်ကြောင်းလဲ

တွေ့ရှိခဲ့ကြသည်။

သင်၏ကိုယ်ပိုင်ရုံးခန်းအတွက်ဒီဇိုင်းအယူအဆတစ်ခုကိုဖန်တီးရန်အကောင်းဆုံးနည်းလမ်းမှာ

အခြားအောင်မြင်သောကုမ္ပဏီများဘာလုပ်သည်ကိုလေ့လာရန်ဖြစ်သည်။ဥပမာအနေဖြင့် Google၏

ဒီဇိုင်းများအားကြည့်နိုင်သော်လည်း နိုင်ငံအနှံ့အပြားတွင်ဆန်းသစ်သောဒီဇိုင်းများစွာရှိနေပြီဖြစ်သည်။

1.Oregon အဆောက်အအုံ

ပွင့်လင်းမြင်သာသည့် ဒီဇိုင်းအား နှစ်သက်သော်လည်း ကိုယ်ပိုင်အလုပ်နေရာတစ်ခု လိုအပ်

သည်ဆိုပါက FINE Design Group ရဲ့ ရုံးတွင်းပုံစံအားကြည့်နိုင်သည်။ ရုံးခန်း၏အဓိကနေရာတွင်

စုပေါင်း နေရာလွတ်များရှိသော်လည်း သီးသန့်ထားရှိနိုင်သောအခန်းများလည်းရှိသည်။ထိုအခန်းငယ်

များအား မှန်ချပ်များဖြင့်ဖွဲ့စည်းထားသောကြောင့် ပွင့်လင်းမြင်သာမှုရှိသည့်အပြင် အလုပ်သမား

တစ်ယောက်အား အရေးတကြီး ရှာဖွေပြောဆိုရာတွင်လည်း အဆင်ပြေမှုရှိသည်။ ထို့အပြင် အခန်း

အတွင်းရှိ လူအား ပြင်ပမှ ဆူညံသံများ၊ အရေးကြီးဖုန်းများ ဖြေကြားနေချိန်တွင်အခြားအလုပ်သမား

များ၏ ဆူညံသံများမှလဲ ကာကွယ်ပေးထားနိုင်သည်။

2. ချီကာဂို အီလီနွိုက်ပြည်နယ်

ချီကာဂိုသည် ကြီးထွားလာသောနည်းပညာ  ကဏ္ဍနှင့်အတူစီးပွားဖြစ်အိမ်ခြံမြေရောင်းဝယ်

ဖောက်ကားမှု၏အလယ်ဗဟိုတွင်ရှိနေသောကြောင့် ၎င်းသည်ဆန်းသစ်သောရုံးဒီဇိုင်းများ၏ ပင်မနေရာ

ဖြစ်သည်ကို အံ့သြစရာဖြစ်လိမ့်မည်မထင်ပါ။ သင်သည်လေယာဉ်နှင့်ပတ်သက်သော ကုမ္ပဏီတစ်ခု ကို

ပိုင်ဆိုင်ခဲ့လျှင် သင်၏ရုံးခန်းများအတွက်စိတ်ဝင်စားစရာကောင်းသောခေါင်းစဉ်တစ်ခုပေါ်လာလိမ့်မည်။

River Centre Buildingကိုလွှဲပြောင်းယူစဉ် လေယာဉ်ခရီးစဉ်ဖျော်ဖြေရေး ၀န်ဆောင်မှု Gogo က

ထိုအတိုင်းပြုလုပ်ခဲ့သည်။ ၎င်းကို အနည်းငယ်ပြန်လည်ပြုပြင်မွမ်းမံခြင်းအစား၊လေယာဉ်ပြေးလမ်းများ

ဟုအမည်ပေးထားသည့် စင်္ကြံများ ပါရှိပြီးလေယာဉ်ပျံ၏အတွင်းပိုင်းနှင့်တူအောင်မွမ်းမံထားသည်။

3. ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား

Airbnbသည် အခြားကုမ္ပဏီများနှင့်မတူသည့်အချက်မှာ နေရာလွတ်များကိုဖန်တီးအသုံးပြုခြင်း

ဖြစ်သည်။ ဤဒီဇိုင်းပုံစံသည် သစ်လွင်၍အဆက်အသွယ်မပျက်ရှိသည့်ခံစားမှုပုံစံရချင်သူများ

အတွက်အထူးသင့်လျော်သော်လည်း လူတိုင်းအတွက်မဟုတ်ချေ။ ဤ siteတွင် စီမံကိန်း ခန်းများ

နှင့်အတူ ပတ်၀န်းကျင်အယူအဆကို အခြေခံ၍ လူအများ အဆင်ပြေစွာ ဆက်သွယ်နိုင်ရန်

စားပွဲရှည်များ(သို့) ဉာဏ်စမ်းအဖြေရှာရန်အတွက်အဖြူရောင် ဘုတ်ပြားများ အားအသုံးပြု၍

တည်ဆောက်ထားသည် ။ ပိုမိုသက်တောင့်သက်သာရှိသောလေထုသည် တီထွင်ဖန်တီးမှုကို

တိုးမြှင့်စေသည်။

4. Richmond, ဗာဂျီးနီးယား

Avepoint သည် အလုပ်လုပ်ရင်း အပန်းဖြေနိုင်သည့်ရုံးခန်းနေရာတစ်ခုကိုတစ်ချိန်တည်းတွင်

ဖွင့်လှစ်ပေးခဲ့သည်။ တစ်နေ့လုံး ကုလားထိုင်ပေါ်တွင် ထိုင်နေရမည့်အစား ၀န်ထမ်းများအနေဖြင့်

အလုပ်နေရာမှထွက်ခွာကာလမ်းအနည်းငယ် လျှောက်ခြင်း (သို့)  ကြမ်းပြင်မှမျက်နှာကျက်ထိဖောက်

ထားသော ပြတင်းပေါက်များမှတစ်ဆင့် မိနစ်အနည်းငယ် မျှ မြစ်ကိုကြည့်ရှုနိုင်သည်။ပွင့်လင်းမြင်သာ

သောနေရာများအားပေါင်းစပ်ပြီးအစည်းအဝေးခန်းများ၊မှန်များဖြင့် ပြုလုပ်ထားသောကိုယ်ပိုင်ရုံးခန်းများ

ပါဝင်သည်။ ၀န်ထမ်းများ ခဏတာအနားယူပြီးဂိမ်းကစားနိုင်သည့်နေရာများ၊ ကြွက်သားများသက်သာ

စေရန် အနားယူနိုင်သော ယောဂဖျာများလည်း ပါဝင်သည်။ ကုမ္ပဏီသည် ၀န်ထမ်းများ၏

လိုအပ်ချက်များကို အလုပ်လုပ်နေစဉ် တစ်လျှောက်လုံးကြည့်ပြီးထိုလိုအပ်ချက်များကိုတတ်နိုင်သမျှ

ဖြည့်ဆည်းရန်ကြိုးစားသည်။