Interior Design Trends That Will Shape the Next Decade

  • by

၂၀၂၀ တွင် လူအများစုသည် အိမ်တွင် အနေများလာသည်နှင့်အမျှ ဗိသုကာပညာရှင်နှင့်

ဒီဇိုင်နာများသည်သူတို့၏ အတွင်းပိုင်းဒီဇိုင်းစီမံကိန်းများအတွက်အကောင်းဆုံးဖြေရှင်းနည်းများကို

ရှာဖွေသည့်အခါဖောက်သည်များ၏ကောင်းကျိုးကိုတိုးတက်စေခြင်းနှင့်ရောဂါကာကွယ်ခြင်းတွင်

ကူညီရမည်ဖြစ်ကြောင်း ပိုမိုသိရှိလာကြသည်။ လာမည့်ဆယ်စုနှစ်အတွင်း အတွင်းပိုင်းဒီဇိုင်းများ 

မည်သို့ဖွံ့ဖြိုးလာမည်နှင့်ပတ်သက်၍ ခန့်မှန်းချက်အချို့ပြုလုပ်ရာတွင် အသုံးဝင်သောအချက် အချို့

တွေ့ရှိခဲ့သည်။

(၁) Biophilic Design ဇီ၀နည်းပညာဒီဇိုင်း

မိုးလုံလေလုံအပင်များသည် အတွင်းပိုင်းဒီဇိုင်းရေးဆွဲခြင်းတွင် အလွှာအသစ်တစ်ခုဖြစ်လာပြီး ကြီးမားသော အပင်များသည် ခေတ်စားနေသောအရာတစ်ခုဖြစ်သည်။ သဘာဝနှင့်ဆက်သွယ်မှုအချို့ကို 

ထိန်းသိမ်းရန် Biophilicဒီဇိုင်းသည်ကျွန်ုပ်တို့၏ကျန်းမာရေး၊စိတ်နှင့်ယေဘုယျ ဂေဟစနစ်ကိုတိုးတက်စေရန်

နည်းလမ်းတစ်ခုအဖြစ် ဗိသုကာတည်ဆောက်မှုတွင် သဘာဝအတိုင်း ပေါင်းစပ်ရန်ရည်ရွယ်သည်။ ပြန်လည်ပြုပြင်ထားသောသစ်သားများ၊ ချိတ်ဆွဲထားသောအပင်များ၊ အစိမ်းရောင်နံရံများနှင့် ကြီးမား၍ စိမ်းလန်းသောအပင်များ တပ်ဆင်အသုံးပြုခြင်းသည် ကျွန်ုပ်တို့ မြင်တွေ့နေရသော အဓိကTrends များ

ဖြစ်ပြီး လာမည့်ဆယ်စုနှစ်အတွင်း ထိုသို့ အတွင်းပိုင်းဒီဇိုင်းကို ပုံဖော်လုပ်ဆောင်လိမ့်မည် ဖြစ်သည်။

(၂) Natural Fiber Furniture သဘာဝဖိုင်ဘာ ပရိဘောဂများ

ပရိဘောဂများတွင် ကြိမ်၊ ဝါး ကဲ့သို့သော သဘာဝပစ္စည်းများ အသုံးပြုမှုသည် အတွင်းပိုင်းဒီဇိုင်း

တွင်လူကြိုက်များလာသည်။ ဤရိုးရာပစ္စည်းများကို ကုလားထိုင်များ၊ကော်ဇောများနှင့် မီးအိမ်များ

တွင်ရောစပ် အသုံးပြုခြင်းသည် ခေတ်မီဒီဇိုင်းများနှင့် ပို၍ကိုက်ညီသည်။

(၃) Chubby Design ဖောင်းကြွ ဒီဇိုင်းများ

ဒီလမ်းကြောင်းသစ်ကို အဝိုင်း သို့ လေးထောင့် ပုံစံဖြင့် ပရိဘောဂတွေ ဦးဆောင်ပြီး neotenic ဒီဇိုင်း လို့လည်းခေါ်ပါတယ်။

(၄) Arches အကွေးဒီဇိုင်းများ

အကွေးဒီဇိုင်းများသည်ရိုးရာဗိသုကာလက်ရာဖြစ်ပြီးယခုအခါဗိသုကာနှင့်ဒီဇိုင်နာများသည်အတွင်းပိုင်း

ဒီဇိုင်းစီမံကိန်းများအတွက် တံခါးကွေးများ,အကွေးပုံစံ ပြတင်းပေါက်များနှင့်မှန်ကွေးများထည့်သွင်းကာ

ပြန်လည်ဆန်းသစ်လျှက် ရှိသည်။

(၅) Mini Study Nooks သေးငယ်သောအလုပ်နေရာလေးများ

အိမ်တွင်အလုပ်လုပ်ခြင်းသည် ပုံမှန်အားဖြင့် အရေးကြီးသော်လည်းအိမ်တွင်နေသားတကျ

အကျွမ်းတဝင် နေထိုင်နိုင်ခြင်းသည်ပို၍အရေးကြီးလာသည်။ အလုပ်လုပ်ရာနေရာများသည် 

သီးသန့်နေရာချမှု နည်းလာပြီး အခြားနေရာများနှင့်အတူတကွပေါင်းစပ် ဖွဲ့စည်းလာကြသည်။ထိုကဲ့သို့ ဖွဲ့စည်းခြင်းသည် ကြီးမားသောပရိဘောဂပစ္စည်းများ (ဥပမာ)အဝတ်ဗီရိုနောက်နှင့်စာအုပ်စင်များ

ကြားတွင် သေးငယ်သောအလုပ်နေရာလေးများ ပေါ်ပေါက်လာစေခဲ့သည်။

(၆) Invisible Handles for a Fully Integrated Kitchen မမြင်နိုင်သောလက်ကိုင်များဖြင့်ဖွဲ့စည်းထားသောမီးဖိုခန်းများ

အတွင်းတွင် သံလိုက်(သို့)စက်ပစ္စည်း တပ်ဆင်ထားသောဗီရိုများသည်တံခါးကိုတွန်းလိုက်ရုံဖြင့်

 ဖွင့်နိုင်အောင်ပြုလုပ်ထားသည်။ ရည်ရွယ်ချက်မှာ ချောမွေ့သောအသွင်အပြင်ဖြင့် နေရာယူမှု နည်းစေရန်ဖြစ်သည်။

(၇) Stairs Integrated with Furniture လှေကားနှင့်ပေါင်းစပ်ဖွဲ့စည်းထားသောပရိဘောဂများ

လှေကားအောက်တွင်ကျန်ရှိနေသောနေရာကိုအသုံးချရန် ဖန်တီးမှုနည်းလမ်းတစ်ခုအနေဖြင့်

အတွင်းပိုင်းဒီဇိုင်းစီမံကိန်းများသည် ထိုနေရာများအား သိုလှောင်ရန်နေရာများ (သို့) ကြီးမားသော

ပရိဘောဂဒီဇိုင်းများနှင့်အလုပ်နေရာ (သို့) စင်များအဖြစ် ပေါင်းစပ်တည်ဆောက်ထားသည်။

(၈) Colorful Bathrooms အရောင်မျိုးစုံပါသော ရေချိုးခန်းများ

နံရံများနှင့်ပရိဘောဂများတွင်တောက်ပ၍ရင့်သောအရောင်များကိုမကြာခဏအသုံးပြုခြင်း

နှင့် တပြိုင်တည်းတွင် ရေချိုးခန်းများ၌ အရောင်ရင့်သော်လည်း ကြော့ရှင်းသောပုံစံဖြင့် ပြောင်းလဲ အသုံးပြုလာကြသည်။ ဗိသုကာနှင့်ဒီဇိုင်နာများသည် ပန်းရောင်၊ ရွှေ၊ အဝါရောင်၊ နေဗီပြာနှင့်သံလွင်စိမ်းရောင်စသည့်အရောင်များဖြင့်  ဤအခြေခံနေရာများအား ပိုမို ဆန်းသစ်လာစေခဲ့သည်။

(၉) Open and Fluid Living Areas   ပွင့်လင်းမြင်သာမှုရှိသောနေထိုင်မှုပုံစံများ

နေထိုင်မှုပုံစံများ ပွင့်လင်းမြင်သာမှုရှိလာသည်နှင့်အမျှ နေရာများအား သမာရိုးကျနည်းဖြင့် ခွဲထားခြင်းများ နည်းလာသည်။ လိုက်ကာများနှင့် မိုဘိုင်းစင် များအားပွင့်လင်းသောနေရာများတွင်

ထည့်သွင်းခြင်းကဲ့သို့ အတွေးအခေါ်များသည် အိမ်တွင်ကျွန်ုပ်တို့၏နေရာများကို မည်သို့မည်ပုံ

အသုံးပြုသည်နှင့်အညီ သီးခြားနယ်မြေများကိုဖုံးကွယ်ရန် အဖြေတစ်ခု အဖြစ်လူကြိုက်များလာသည်။

(၁၀) Terrazzo (not only for) Flooring ကြမ်းခင်းအဖြစ်သာမကအခြားနေရာများတွင်ပါ သုံးလာ‌သောကျောက်အခင်းများ

လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ကျော်ကဗင်နီယန်အိမ်များတွင်အသုံးပြုခဲ့သောဤစကျင်ကျောက်ကြမ်းခင်း

သည် ၁၉၇၀ ပြည့်လွန်နှစ်များတွင်စတင်ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်,ထိုအခင်းများသည်

တစ်ကျော့ပြန်ခေတ်စားလာပြီး ဒီဇိုင်နာများအကြားရေပန်းစားခဲ့သည်။ ယနေ့ခေတ် ကျွန်ုပ်တို့

မြင်တွေ့ရသော terrazzo သည်စကျင်ကျောက်၊ ကျောက်ပြား၊ကျောက်လွှာနှင့်ဖန်ထည်တို့၏ပိုမိုကြီးမား

သော chips ပြားများကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး သိပ်သည်းဆနည်းနည်းနှင့် ပိုမိုထင်ရှားသော Graphic ပုံသဏ္ဌာန်ရှိသည်။ ဤပစ္စည်းများ ကို လာမည့်ဆယ်စုနှစ်တစ်လျှောက်လုံးတွင် ကြမ်းခင်းများ

တွင်သာမက မီးဖိုချောင်နှင့် ဧည့်ခန်းသုံး ပရိဘောဂများတွင် ပါဆက်လက်မြင်တွေ့ရလိမ့်မည်ဟု

ခန့်မှန်းရသည်။

(၁၁) Wood and Concrete in Their Purest State အသန့်စင်ဆုံးအခြေအနေရှိသော သစ်သားနှင့်ကွန်ကရစ်တုံးများ

သစ်သားနှင့်ကွန်ကရစ်တုံးများအားနံရံများ ၊  မျက်နှာကျက်များနှင့်ကြမ်းပြင်များပေါ်တွင်

ကုန်ကြမ်း အဖြစ်အသုံးပြုခြင်းသည် ဗိသုကာနှင့်ဒီဇိုင်နာများကြားtrend တစ်ခုဖြစ်လာပြီး ကုန်ကျစရိတ်မများဘဲ အတွင်းပိုင်းနေရာများအတွက်နွေးထွေးမှုနှင့်ကြော့ရှင်းမှုကိုရရှိရန်အသုံးပြုသည်။ ထိုသို့နှစ်မျိုးလုံးပေါင်းစပ်ထားခြင်းသည် မြင်ကွင်းအားလုံးအားမြင်တွေ့နိုင်သည့်အပြင် ကြာရှည်ခံခြင်း၊

ထိန်းသိမ်းရ လွယ်ကူခြင်း စသည့်ဆွဲဆောင်နိုင်သောအရည်အသွေးများရှိသည်။