AUK holds first international conference on interior design

  • by

ကြာသပတေးနေ့တွင် အမေရိကန်တက္ကသိုလ်၊ ကူဒစ်တန် (AUK) သည် အတွင်းပိုင်းဒီဇိုင်းနှင့် ပတ်သက်၍

ပထမဆုံးသော အဝေးရောက်အစည်းအဝေးပွဲကိုကျင်းပခဲ့ပြီး ပညာရေးနောက်ခံအမျိုးမျိုးမှ

ပါဝင်သူများက ဒီဇိုင်းနယ်ပယ်ရှိ နောက်ဆုံးပေါ် တိုးတက်မှုများကိုဆွေးနွေးနေကြသည် ဟု အစည်းအဝေးပွဲ

စီစဉ်သူမှပြောကြားခဲ့သည်။

AUK ၏အတွင်းပိုင်း ဒီဇိုင်းဌာနမှ ၀န်ထမ်းတစ်ဦး ဖြစ်သူ Ahmad Afara က “ထိုပွဲသည် သေးငယ်သော

အင်တာနက်အစည်းအဝေး ၃ခု ကျင်းပပြီးနောက် ပထမဆုံးကျင်းပသော အဓိက အစည်းအဝေးပွဲကြီးဖြစ်သည်”

တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ Covid-19 ကန့်သတ်ချက်များ ကြောင့် ထိုပွဲကို အွန်လိုင်းတွင်ပြောင်းရွေ့

ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင်ဒီဇိုင်းပညာရှင်ကျောင်းသား ၄၀ ကျော်နှင့် စွမ်းရည်ပညာရှင် ၅ ဦး တို့တက်ရောက်ခဲ့

ပြီး၊ နယ်ပယ်အတွင်းတိုးတက်မှုများကို လူသိများသည့် နိုင်ငံတကာဗိသုကာပညာရှင် များနှင့်ဆွေးနွေးခဲ့သည်။

ဟောပြောသူအများစု သည်အပြည်ပြည်ဆိုင်ရာနောက်ခံအတွေ့အကြုံရှိပြီး လေးစားခံရဆုံးသော

 ဒီဇိုင်နာများဖြစ်သည်။

AUK သည် အီရတ်ရှိ အတွင်းပိုင်းဒီဇိုင်းသင်တန်းများ ပို့ချသည့် ပထမဆုံးသော အမေရိကန် ပုဂ္ဂလိက

တက္ကသိုလ်ဖြစ်သည်။ ၎င်းတက္ကသိုလ်ရှိ အပြည်ပြည်ဆိုင်ရာ သင်ကြားပေးသူများသည်

နယူးဇီလန်၊ အီတလီ၊ ဆားဘီးယား၊ လက်ဘနွန် စသည်တို့မှ ဖြစ်ပြီး စက်မှုဒီဇိုင်း၊ ပရိဘောဂဒီဇိုင်း၊ ဗိသုကာ

ဒီဇိုင်းနှင့် မြို့ပြစီမံကိန်းတို့တွင်အတွေ့အကြုံများစွာ ရှိကြသူများဖြစ်သည်။

“AUK ရှိ အတွင်းပိုင်းဒီဇိုင်းဌာနသည် အနာဂတ်တွင် ကူဒစ်တန် (AUK) ၏ အကောင်းဆုံး

ဒီဇိုင်နာအား ယူဆောင်လာပေးရန် အမြဲတမ်းကြိုးပမ်းနေသည်” ဟု Afrar မှ ပြောကြားခဲ့သည်။ ဌာနတွင် ယခု

အချိန်အထိ ဘွဲ့ရရှိသောသင်တန်း ၂ ခုရှိခဲ့ပြီး၊  ၂၀၂၁ နွေ ဦး ရာသီတွင် နောက်ထပ် အတန်းတစ်ခုကိုဖွင့်လှစ်

သင်ကြားပေးမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အောက်တိုဘာလ နှောင်းပိုင်းတွင် AUK သည်အမျိုးသမီးအများစုနှင့် လူနည်းစု အတွက်

ပညာသင်ဆု ၇၀ ကျော်ကိုကြေငြာခဲ့သည်။ ၎င်းမှာ ကျောင်းသားများအတွက် ကျူရှင်အခကြေးငွေမှ ၁၅

ရာခိုင်နှုန်းလျော့ပေးသောကြောင့်ဖြစ်သည်။

The 2019 Graduation Ceremony is held on the campus of the American University of Kurdistan (AUK) in Duhok, Kurdistan Region. (Photo: Kurdistan 24)