စိတ်၀င်စားစရာကောင်းသောနာမည်ဖြစ်သော The Freckled Fox စတိုးဆိုင်သစ်သည် Clarksville Area
ကုန်သည်ကြီးများ အသင်းနှင့်ပူးပေါင်းရန် နောက်ဆုံးပေါ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။
စီးပွားရေး လုပ်ငန်း အဖွဲ့ဝင်များဖြစ်သော Mary Beth Haviland နှင့် Rae Gleason တို့က ထူးခြားသော
ပစ္စည်းများစွာရှိသောကြောင့်စတိုးဆိုင်ကိုလှည့်ပတ်ကြည့်ရှုရန် လူတိုင်းကို ဖိတ်ကြားခဲ့သည်။
Haviland က “သူတို့စတိုးဆိုင်တွင် ဒေသခံပညာရှင်များစွာက ပြုလုပ်ထားသော စိတ်ကြိုက်ဒီဇိုင်းပုံစံ အများ
အပြားရှိပြီး ၎င်းတို့ကိုပြသထားကာ အိမ်တိုင်ရာရောက်တပ်ဆင်မှု များလည်းပြုလုပ်ပေးကြောင်း” ပြောခဲ့သည်။
ကျွန်ုပ်တို့ အတွင်းပိုင်းဒီဇိုင်းဝန်ဆောင်မှုတစ်ခုရသော အိမ်သည် ကျွန်ုပ်တို့ဝန်ဆောင်မှုရသည်နှင့် တပြိုင်နက်
အပ်နှံသူတို့ အမှန်တကယ် စိတ်ကျေနပ်စေနိုင်ပါသည်” ဟု Haviland ကဆိုသည်။ Haviland ကသူမ၏မိသားစု
သည် ပရိဘောဂလုပ်ငန်း နယ်ပယ်တွင် အချိန်အတော်ကြာလုပ်ကိုင်ခဲ့ပြီး Freckled Fox ဟူသော အမည်
အကြောင်းကို ပြောပြခဲ့သည်။ သူမတို့ ငယ်ငယ်တုန်းက သူ့အဖေကသူမမျက်နှာပေါ်ရှိအစက်များနှင့်
ပတ်သက်၍အမြဲတမ်း စနောက်ခဲ့တယ်လို့ သူကဆိုပါတယ်။ ထိုသို့ စနောက်ခေါ်ဆိုခြင်းသည် နာမည်ပြောင် ဖြစ်
ခဲ့ပြီး သူမ၏ ဖခင်အား ဂုဏ်ပြုသောအားဖြင့် ဆိုင်ကို The Freckled Fox ဟု နာမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း
ပြောပြခဲ့သည်။
ထိုဆိုင်သည် ရှေးဟောင်းအမွေအနှစ်အမှတ် ၅၅၀ တွင်ရှိပြီး တနင်္လာနေ့မှ စနေနေ့ မနက်၉နာရီမှ ၅ နာရီအထိ
ဖွင့်၍ တနင်္ဂနွေနေ့တွင်ပိတ်သည်။ တနင်္လာမှ ဗုဒ္ဓဟူးနေ့အတွင်း appointmentများအားလုပ်ဆောင် ကြောင်း
သိရသည်။