7 interior-design trends that will start to disappear by 2021, and 8 you’ll see everywhere

  • by

Insider များက ၂၀၂၁ ခုနှစ်တွင် နေရာတိုင်း၌ မည်သည့်အလှဆင်မှုပုံစံများသည်Trends ဖြစ်လာပြီး နှင့်မည်သည့် ပုံစံများပျောက်ကွယ်သွားမည်ကို ရှာဖွေရန် ပရော်ဖက်ရှင်နယ်အတွင်းပိုင်းဒီဇိုင်နာများနှင့် စကားပြောခဲ့သည်။

Shiplap ဒီဇိုင်းများပျောက်ကွယ်လာမှု

DIY Network ၏“ Philly Revival”အိမ်ရှင်ဖြစ်သူ အတွင်းပိုင်းဒီဇိုင်နာ Rachel Street က shiplap ဒီဇိုင်းများသည် လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်သောTrendsတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေစိုခံဘုတ်ပြားများအသုံးပြုခဲ့ပြီးနောက် 2010 ခုနှစ် တွင် shiplap boards များအား အတွင်းပိုင်း

နံရံများအလှဆင်ဖို့ အသုံးပြုခြင်းသည်ခေတ်မှီ နည်းလမ်းဖြစ်လာခဲ့သည်။ Shiplap သည်

TV home-makeover ပြပွဲတိုင်းတွင်တွေ့ရသော်လည်း ၎င်းအား ထုတ်ဖော်ပြသရန်တည်ဆောက်ရန် အခြားနည်းလမ်းများစွာရှိသည်။ ထို့နောက် Street သည် ၂၀၂၁ ခုနှစ်တွင် ကြွေပြား, အင်္ဂတေ, ကြိမ်

(သို့မဟုတ်)အပင်များဖြင့်ပြုလုပ်ထားသော နံရံများကိုပိုမိုလူကြိုက်များလာလိမ့်မည်ဟုပြောကြားခဲ့သည်။

မီးခိုးရောင်မီးဖိုခန်း အတွင်းပိုင်းသည်လူကြိုက် နည်းလာနိုင်သည်။

အတွင်းပိုင်းဒီဇိုင်နာ Dennese Guadeloupe Rojas မှ “မီးခိုးရောင် မီးဖိုခန်းသုံးဗီရိုများနှင့် မီးခိုးရောင် နံရံများ

အား အသုံးပြုသော trend သည် ၂၀၂၁ တွင်လူကြိုက် နည်းလာနိုင်သည်” ဟု Insider သို့ပြောကြားခဲ့သည်။

မီးခိုးရောင် မီးဖိုခန်းအတွင်းပိုင်းများသည် အရောင်ဖျော့ပြီး ထူးခြားမှု မရှိကြောင်း၊၎င်းအစား အရောင်ရင့်ရင့်

များသည် ပိုမိုလူကြိုက်များလာနိုင်ကြောင်း သူမက ပြောခဲ့သည်။ အထူးသဖြင့် မဲနယ်ပြာရောင်သည် ခေတ်စား

လာနိုင်သော မီးဖိုခန်း trend တစ်ခုဖြစ်ကြောင်းလည်း ပြောခဲ့သည်။

အဖြူရောင်အတွင်းပိုင်းဒီဇိုင်းများသည်သူတို့ကိုယ်တိုင် ပြန်လည်စတင်နိုင်လိမ့်မည်။

Street က အဖြူရောင်အတွင်းပိုင်းဒီဇိုင်းများ၏ သက်တမ်းကုန်ဆုံးတော့မည်ဟု ခန့်မှန်းခဲ့သည်။

ယခုနှစ် အနည်းငယ်အတွင်းကျွန်ုပ်တို့သည် နံရံများမှ အရာအားလုံးအား အဖြူရောင်မှ တောက်ပသည့်

အရောင်များအဖြစ်သို့ပြောင်းလဲနေပြီဖြစ်သည်ဟု သူမက Insider သို့ပြောကြားခဲ့သည်။“လာမည့်နှစ်

တွင်လူများသည် အရောင်များဖြင့် စိတ်ဝင်စားစရာ အမြင်များအား ပြန်လည်ဖန်တီးလိမ့်မည်” ဟု ခန့်မှန်း

ထားသည်။ တောက်ပသောအရောင်များကိုထည့်သွင်းခြင်းမပြုဘဲ အဖြူရောင်အတွင်းပိုင်းများ ကိုသာထပ်မံ

ပေးလိုသောသူများသည် မတူညီသောအရောင်ဖျော့ များနှင့်ဖွဲ့စည်းတည်ဆောက်ပုံကို ပေါင်းစပ်ရန်ကြိုးစားနိုင်သည်။

ရာစုနှစ်အလယ်ပိုင်းခေတ်သစ် ပရိဘောဂ trend သည် ပျောက်ကွယ်သွားနိုင်သည်။

ရာစုနှစ်အလယ်ပိုင်းခေတ်သစ်ပုံစံသည် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များကပေါ်ပြူလာဖြစ်ခဲ့သည့် အရာဝတ္ထု

ပုံစံ များမှ အသွင်ယူထားပြီး မကြာသေးမီနှစ်များအတွင်း နေရာတိုင်းတွင် ရှိခဲ့သည်။ Havenly ၏အတွင်းပိုင်း

ဒီဇိုင်နာက ဤ trend သည် တဖြည်းဖြည်းမှေးမှိန်သွားမည်ဟု Insider သို့ပြောကြားခဲ့သည်။

Barn တံခါးများကို အခြား ဝင်ပေါက်ပုံစံများဖြင့် အစားထိုးနိုင်သည်

Barn တံခါးများသည် ၂၀၁၀ ပြည့်နှစ်များအစောပိုင်းအတွင်းပိုင်းဒီဇိုင်းများတွင် အောင်မြင်ခဲ့သော်

လည်း၂၀၂၀နှစ်လွန်များအတွင်း လူကြိုက်များခြင်းမရှိတော့ပေ။

၂၀၂၁ တွင် Accent နံရံများသည်ခေတ်မှီလိမ့်မည်မဟုတ်ပေ။ 

Accent နံရံ ဆိုသည်မှာ အခန်းအတွင်းရှိအခြားအရာများ နှင့်မတူဘဲ ပန်းချီဆွဲခြင်း သို့မဟုတ် နံရံကပ်နံရံကပ်

ခြင်းတို့ဖြစ်သည်။ Accent နံရံများသည် ကလေးဆန်ပြီးအလွန်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည် ဟုသူမက

Insider ကိုပြောကြားခဲ့သည်။

တူညီသော ပရိဘောဂအစုံလိုက် တွဲစပ်ခြင်းသည် ခေတ်မမီတော့ပါ။

Kobi Karp Architecture နှင့် Interior Design မှအဓိကဒီဇိုင်နာက Insider သို့ “တူညီသောပရိဘောဂ များ

ကိုမကြာမီတွင်ဖက်ရှင်မကျ ဟုယူမှတ်နိုင်သည်”ဟုပြောကြားခဲ့သည်။ ပရိဘောဂများ အားလုံးကို ညှိယူခြင်း

သို့မဟုတ် အရောင်းပြခန်းမှ တစ်စုံလုံး ကိုဝယ်ယူမည့်အစား ဖြည့်စွက်အရောင်များ သို့မဟုတ် မတူညီသော

ဒီဇိုင်းများကို ရွေးချယ်ရန်စဉ်းစားပါ။