SHH Designs New Co-working Space for Young Entrepreneurs in Shanghai

  • by

SHH သည် ရှန်ဟိုင်းရှိ Pudong ခရိုင်တွင် ပူးပေါင်းလုပ်ဆောင်ရန် ရုံးနေရာအသစ်တစ်ခုကို ဒီဇိုင်းဆွဲခဲ့သည်။

ကွမ်ကျိုးတွင် မကြာသေးမီကတူညီသော အဖွဲ့အစည်းအတွက် ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်သော ရုံးကို

ဒီဇိုင်းဆွဲခဲ့ပြီး လုပ်ငန်းရှင်နှင့်ဘွဲ့ရလူငယ်များ အတွက်ရည်ရွယ်သည်။ Cohesion အမှတ်တံဆိပ်သည်ကွဲပြား

ခြားနားသော အရာဝတ္ထုများ တစ်ခုနှင့်တစ်ခုအပြန်အလှန် ရောနှောပေါင်းစပ်နေပြီး စုံလင်သောအခြေအနေ

ကို ဖော်ပြရန် ရွေးချယ်ခဲ့သည်။

SHH ၏ ရည်ရွယ်ချက်မှာ အချိုးအစားကောင်းမွန်စွာဖြင့် သီးခြား ငှားရမ်းထားနိုင်သော ရုံး များ

ကိုတည်ဆောက်ရန်နှ င့်လက်ရှိအဆောက်အအုံ၏ မျက်နှာကျက်တည်ဆောက်ပုံကို အမြင့် ၄.၇မီတာ

မြင့်ပီး ၅၅ မီတာ ကျယ်‌အောင် ပြန်လည်ဖွဲ့စည်းရန် ဖြစ်သည်။ အဖွဲ့သည် ဒီဇိုင်းကို“မြို့ပြ” ချဉ်းကပ်နည်းကို

အခြေခံ၍ နဂိုမူလ နှင့် ထပ်တိုး လမ်းကြောင်းများ သို့မဟုတ် ‘လမ်းများ’ ကိုကွန်ယက်သဖွယ်

တည်ဆောက်ခြင်းအားဖြင့် အခင်းကြမ်းပြင်ကို မြို့ပြအပိုင်းငယ်များ အဖြစ်ခွဲထားသည်။ အပိုင်းတစ်ခု

စီတွင် ရုံးခန်းများ၊ အစည်းအဝေးခန်းများ ပါဝင်ပြီး အဆောက်အအုံအား အမျိုးမျိုးသော အမြင့်၊ အရွယ်အစား

များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ အမြင့်ကွာခြားမှုသည် ပြတင်းပေါက်များထပ်မံထည့်သွင်းနိုင်ပြီး

ပတ်ဝန်းကျင်နေရာလွတ်များမှ အလင်းရောင်များလည်း ရရှိနိုင်သည်။ ရုံးအတွင်းပိုင်းကိုလဲ တောက်ပ၍

နေချင်စဖွယ်ဖြစ်အောင် ပြုလုပ်ပေးနိုင်သည်။

SHH မှ တွဲဖက်ဒါရိုက်တာ Brendan Heath က “ ကြီးမားသော ဇုန်ကြီးများမှ သေးငယ်၍ သိပ်သည်း

ကျစ်လစ်မှု၊ သီးသန့်တည်ရှိမှု နှင့် ရင်းနှီးရ လွယ်ကူသော အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းနိုင်ကြောင်းကို

နားလည်သဘောပေါက်ရန် ရှန်ဟိုင်းရဲ့ ဒေသန္တရ ဗိသုကာပညာ ကို လေ့လာမှု ပြုလုပ်ခဲ့သည် “ ဟုပြောကြား

ခဲ့သည်။ ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းများအကြားကွန်ယက်ချိတ်ဆက်မှု တိုးမြှင့်ပေးရန် မျှော်လင့်

သောကြောင့် ၎င်းသည်ဒီဇိုင်း၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။