A Furniture Manufacturer Elevating the Home Office

  • by

၂၀၂၀ ခုနှစ် ကုန်ဆုံးရန်နီးကပ်လာသည်နှင့်အမျှ ဒီဇိုင်နာများသည် ယခုနှစ်မှသင်ခန်းစာများကို အသုံးချ၍

နောင်လာမည့်နှစ်အတွက် အကောင်းဆုံးနေရာများကို ခေတ်ရေစီးကြောင်းနှင့်အညီ ဖန်တီးရန်လုပ်ဆောင် လျက်

ရှိသည်။ Client အများစုရဲ့ အလိုချင်ဆုံးဆန္ဒ မှာ လက်တွေ့ကျသောအိမ်တွင်းရုံးခန်း ဖြစ်သည်။ “သင်နေထိုင်ရ

အဆင်ပြေသောနေရာတွင် သင့်အလုပ်ကိုအကောင်းဆုံးလုပ်နိုင်သည်”ဟု စျေးကွက်ရှာဖွေရေးဒါရိုက်တာ

Kristine Braunecker, ကပြောသည်။သြဂုတ်လတွင် ဆန်းသစ်တီထွင်မှုရှိသည့် ဘက်စုံသုံး ပရိဘောဂများဖြင့်

ကုမ္ပဏီ အား စတင်မိတ်ဆက်ခဲ့ကြောင်း လည်း ပြောကြားခဲ့သည်။

တိကျပြတ်သားပြီး နှစ်လိုဖွယ်ကောင်းသော ဒီဇိုင်းကိုကြည့်ခြင်းအားဖြင့် Kimball International သည်

ကောင်းမွန်သော အဆင့်အတန်းမြင့်သော အရည်အသွေးများနှင့် လူနေအိမ်ပရိဘောဂများကို ထုတ်လုပ်ခဲ့သည်။

နောက်ဆုံးတွင် ကုန်အမှတ် တံဆိပ်၏ နာမည်သည် လူတို့ရဲ့တစ်နေ့တာလုပ်ငန်းစဉ်တွင် လူများနေထိုင်သော

နေရာများကို ဖြည့်ဆည်းပေးပြီး ၎င်း၏ရည်မှန်းချက်ကို ရောင်ပြန်ဟပ်စေသည်။

လက်ရှိလူနေမှုပုံစံနှင့်ခေတ်ရေစီးကြောင်းကိုအသုံးပြု၍ အမျိုးမျိုးသောပုံစံဖြင့်ဒီဇိုင်းဖြေရှင်းမှုများ သည်

အိမ်တွင်းရုံးများ၊ သီးခြားနေရာများနှင့် စုပေါင်းနေရာများ အစရှိသည်ဖြင့်အမျိုးမျိုး ပြသနိုင်ပါသည်။ ဒီဇိုင်း

အမျိုးမျိုးပြောင်းလဲမှုကြောင့် အိမ်အတွင်းပိုင်းနှင့်အပြင်ပိုင်း ပရိဘောဂများကိုအိမ်တိုင်ရာရောက် ရာသီအလိုက်

အလွယ်တကူလဲလှယ်ပေးနိုင်သည်။ တိုက်ခန်းဖြစ်စေ မိသားစုနေအိမ် ဖြစ်စေ ထိုနေရာများအား သေသပ်လှပ၍

နည်းစနစ်ကျသောအိမ်တွင်းရုံးခန်းအဖြစ် ဒီဇိုင်နာများက ဖန်တီးနိုင်ပါသည်။