Interior Design Trends for 2021

  • by

လာမည့် ၂၀၂၁ခုနှစ် အတွက်စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအလားအလာများနှင့် ဥပမာ

တစ်ခုမှာ စက်မှုလုပ်ငန်းနှင့်ဒီဇိုင်းပညာရှင်များသည် ပုံမှန်မဟုတ်ဘဲ ပြန်လည်အသုံးပြုလို့ရသော ပစ္စည်းများကို

အခြေခံပြီး ပစ္စည်းများအသစ် ဖန်တီးခြင်း နှင့် သဘာဝနှင့်နည်းပညာများအကြား ကောင်းမွန်မျှတစွာချဉ်းကပ်

ခြင်းဖြစ်သည်။ ပင်လယ်မြက်၊ ဝါး၊ ပြောင်း စသည့်သဘာဝပစ္စည်းများ အသုံးပြုခြင်းသည် ခိုင်မာသောနယ်ပယ်

တစ်ခုဖြစ်ပြီးခေတ်မီပရိဘောဂပစ္စည်းများ နှင့်အသေးစိတ် အပြင်အဆင်များထုတ်လုပ်မှုအပေါ်လွှမ်းမိုးမှုရှိ

သည်။ အဓိကအားဖြင့်စက်မှုလုပ်ငန်းအားလုံးအတွက် ပလပ်စတစ်အသုံးပြုမှုကိုလျှော့ချရန်နှင့် ရှိပြီးသား

ပစ္စည်းများကိုပြန်လည်အသုံးပြုရန်ဖြစ်သည်။ အန္တရာယ်ရှိ၍ ညစ်ညမ်းသောအမှိုက်သရိုက်များကို အသုံးဝင်၍

စတိုင်ကျလှပသော ပရိဘောဂများအဖြစ်သို့ ပြန်လည်ပြုပြင်ခြင်းသည်အံ့သြဖွယ်ကောင်းသောနမူနာများနှင့်

ခိုင်မာသောလမ်းကြောင်းတစ်ခုဖြစ်သည်။

ခေတ်သစ်အိမ်ဒီဇိုင်းတွင် လူနေမှုနေရာများ အားပေါင်းစပ် ဖွဲ့စည်းထားသည်။ ဥပမာ-

မီးဖိုခန်းနှင့် ဧည့်ခန်းနေရာများအား ပေါင်းစည်းတည်ဆောက်ခြင်းသည် လူအများအား စကားပြောရင်း

အစားအစာပြင်ဆင်ခွင့် ရရှိနိုင်သည်။ချက်ပြုတ်နေစဉ် မိတ်ဆွေများနှင့်စကားပြောခြင်းသည် ထိုကဲ့သို့

ပေါင်းစည်းတည်ဆောက်ခြင်း၏လမ်းကြောင်းအသစ်တစ်ခုဖြစ်သည်။ ထိုကဲ့သို့သောလူနေမှုနေရာများ

အားပေါင်းစပ်တည်ဆောက်ခြင်း သည်  ငယ်ရွယ်သောကလေးငယ်များရှိသည့် မိသားစုများအတွက်

အစားအစာများ ပြင်ဆင်နေစဉ်ကလေးများအားစောင့်ကြည့်ခွင့်ပေးသည်။ ခေတ်သစ်အိမ်များတွင်

သမာရိုးကျ နေရာများ၊ အခန်းများ၊ မီးဖိုချောင်များနှင့်ရေချိုးခန်းများကို ခွဲခြားထားခြင်းမရှိတော့ပါ။

ဒီဇိုင်းဆွဲသူများသည်စိတ်၀င်စားဖွယ်ကောင်းသောစိန်ခေါ်မှုတစ်ခု အနေနှင့် အလုပ်နှင့်ပျော်စရာ 

အပန်းဖြေစရာနေရာများအား အိမ်သူအိမ်သားများ၏ကိုယ်ပိုင်ဘဝနှင့်အတူ ပိုမိုပွင့်လင်းသော နေရာများ

အဖြစ် စိတ်လှုပ်ရှားဖွယ် ပေါင်းစပ်ခြင်းဖြစ်သည်။ထိုနေအိမ်များအား Hybird Home များဟုခေါ်သည်။

လာမည့်နှစ်တွင်သေးငယ်သောအိမ်များသည်လည်းခေတ်စားလာမည့်အလားအလာ ရှိသည်။

အသေးစားနေရာများအတွက်လက်တွေ့ကျပြီးဆန်းသစ်သောဖြေရှင်းနည်းများဖွံ့ဖြိုးတိုးတက်ရေးတွင်

ဗိသုကာပညာရှင်များသည်ပိုမိုပါ၀င်လာကြသည်။ခေတ်သစ် ဒီဇိုင်နာများသည် ဤစိန်ခေါ်မှုကိုရင်ဆိုင်

မည့်ဖန်တီးမှုနည်းလမ်းကိုဆက်လက်၍ ရှာဖွေနေကြသည်။