ESCO Awarded by Zoom as Asia Partner of The Year 2020

  • by

နှစ်ပတ်လည်ပါတနာအစည်းအ‌‌‌ေ၀းပွဲ တွင် Zoom မှ Asia Partner of the Year အဖြစ်ချီးမြှင့်ခံရခြင်းအပြင်

ESCO သည်ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်များအတွက်ပေးအပ်သော Pinnacle ဆုအတွက်နောက်ဆုံးဆန်ကာတင်

စာရင်းဝင်ခဲ့သည်။ 

နှစ်ပေါင်းများစွာကျွန်ုပ်တို့သည် Zoomကိုကြီးမားစွာထောက်ခံအားပေးသူများဖြစ်ခဲ့ပြီး၎င်း၏တန်ဖိုးသည်

ကျွန်ုပ်တို့၏ဖောက်သည်အတော်များများအတွက်လွန်စွာသိသာပြီးဖြစ်သည်။ကူးစက်ရောဂါကာလအတွင်း

အဝေးမှအလုပ်လုပ်ခြင်းစွမ်းရည်သည်အလွန်အရေးကြီးလာပြီး Zoom အခမဲ့ဗားရှင်းကိုလူတို့သိရှိလာသည်နှင့်

အမျှ Zoom သည် ပို၍ လူကြိုက်များလာသည်။

သုံးစွဲသူတစ်ဦးချင်းစီအတွက် Zoom ၏အခမဲ့ဗားရှင်းသည်အလွန်ကောင်းမွန်သော်လည်းကုမ္ပဏီများ

(အထူးသဖြင့်စီးပွားရေးလုပ်ငန်းအဆင့်)မှသာ Featured မျိုးစုံပါ၀င်၍ ပေးချေနိုင်သောအစီအစဉ်များကိုပေးနိုင်

ကြောင်းရှင်းလင်းစွာသိလာရသည်။ ငွေပေးဆောင်ရသော Zoom လိုင်စင်အတွက် ၀ယ်လိုအားတိုးလာသည်နှင့်

အမျှ ပြသာနာများလည်း တိုးပွားလာလျက်ရှိသည်။ကျွန်ုပ်တို့သည်စျေးကွက်၏ကြီးမားသောအစိတ်အပိုင်းနှင့်

ဆက်သွယ်ဆောင်ရွက်နေလျက်ရှိပြီး ၎င်းသည်ဗီဒီယိုတွေ့ဆုံဆွေးနွေးမှုများအတွက်အသစ်အဆန်းဖြစ်ခဲ့သည်။

သို့သော် သုံးစွဲသူများ က၎င်းတို့ အဆင်ပြေစေရန်လုံခြုံရေးချိန်ညှိချက်များကိုပိတ်ထားနိုင်သောကြောင့် Zoom

ကိုယုံကြည်မှုနည်းသွားစေသည်။

ESCO တွင်ကျွန်ုပ်တို့သည်လိုင်စင်များပေးရုံသာမကသုံးစွဲသူများကို စတင်မိတ်ဆက်ခြင်း လေ့ကျင့်သင်ကြား

ပေးခြင်းများ ပြုလုပ်ပေးသည်။ အဖွဲ့အစည်းများအား၎င်းတို့၏သုံးစွဲသူများအားစီမံခန့်ခွဲမှုအဆင့်တွင်စီမံခန့်ခွဲရန်

သင်ကြားပေးခြင်းသာမက Zoomကိုစနစ်တကျအသုံးပြုခြင်းကိုသေချာစေရန်အသုံးပြုသူများ၏အကောင်းဆုံး

အလေ့အကျင့်များကိုလည်းပေးသည်။ စနစ်ပေါင်းစည်းသူများအနေဖြင့်ကျွန်ုပ်တို့သည် အာရှတစ်ခွင် ရာနှင့်ချီ

သောပေါင်းစပ်နေရာများ Zoom Rooms များကိုတည်ဆောက်ရန်အတွက်ကျွမ်းကျင်မှုရှိသည်။ ကျွန်ုပ်

တို့၏Zoom သုံးစွဲသူများကိုထောက်ပံ့ရန်ကျွန်ုပ်တို့သည်သက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလည်း

တည်ဆောက်ရမည်။သုံးစွဲသူများကိုထောက်ပံ့ရန်နှင့်ကျွန်ုပ်တို့၏ရုံးခန်း၌ Zoom Room Demo မျိုးစုံရှိရန်

Zoom Specialist များကိုအထူးအပ်နှံထားသည်။

အတိုချုပ်ဆိုရလျှင် Zoom ဧရိယာအတွင်းရှိ ESCO၏အောင်မြင်မှုသည်ပေါင်းစည်းထားသောပူးပေါင်း

ဖြေရှင်းမှုတစ်ခုတည်းကိုသာပေးနိုင်ရုံသာမက ကျွန်ုပ်တို့၏အမြဲတမ်းတိုးပွားနေသော အခြေခံသုံးစွဲသူများ ကို

ထောက်ပံ့ရန်နှင့်ထိန်းသိမ်းရန်စွမ်းရည်ကိုလည်း ပေးနိုင်သည်။ 

Zoom ၏ Asia Partner of the Year အတွက်ဆုရရှိခဲ့သည့်အပြင် Pinnacle & Public Sector Awards

တွင်နောက်ဆုံးဇကာတင်စာရင်းတွင် ပါ၀င်ခဲ့သည့်အတွက်ကျွန်ုပ်တို့အလွန်ဂုဏ်ယူမိပါသည်။ ဤအောင်မြင်မှု

သည် အာဆီယံဒေသတွင်းရှိ သုံးစွဲသူများ အား ပျော်ရွှင်မှုများနှင့်အကောင်းဆုံးအရာများကိုသာပေးလိုသော

Zoom နှင့် ESCOအကြားအပြန်အလှန်ကတိကဝတ်ပြုထားမှု ကြောင့်သာဖြစ်သည်။Don Kerr နဲ့ ကျန်သည့်

Zoom အဖွဲ့သားများ အားလုံး ကို အောင်မြင်မှုရအောင်လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း၊ နှစ်ပေါင်း

များစွာအောင်မြင်မှုအတွက်မျှော်လင့်ကြောင်းလဲ ပြောခဲ့သည်။