Hanwha Techwin announces integration of its Wienet IP network cameras with JVSG System Design Tool

  • by

ဗီဒီယိုစောင့်ကြည့်ရေးစနစ်၏ထိရောက်မှုကိုတိကျစွာ အကဲဖြတ်ရန်၊ စီစဉ်ရန်နှင့် ဒီဇိုင်းဆွဲရန် လိုအပ်သောအချိန်

တွင် JVSG ၏ ချီးကျူးဂုဏ်ပြုခြင်းခံရသည့် IP Video System Design Tool သည် ယခုအခါ Hanwha

Techwin မှ Wisenet IP ကွန်ယက်ကင်မရာအားလုံးကို ထောက်ပံ့ပေး သည်။ 

လုံခြုံရေးစနစ်၏အသွင်အပြင်

နည်းပညာဒီဇိုင်နာများနှင့် ပေါင်းစည်းသူများသည် အမှန်တကယ်နေမည့် အဆောက်အအုံ နေရာတွင် 2D

သို့မဟုတ် 3D ပုံစံများ ဆောင်ရွက်ရန်လိုအပ်သည်။ ထို့နောက်တပ်ဆင်ထားသော ကင်မရာတခုချင်းစီ၏

မြင်ကွင်း၊ အမြင့် စသဖြင့် တိကျသေချာသော စီမံကိန်းနှင့်ပက်သက်သည့် ကန့်သတ်ချက်များကို ထည့်သွင်း

မည်။ဤအချက်အလက်ဖြင့် JVSG System Design Tool သည် ထည့်သွင်းထားသော ဗီဒီယိုစောင့်ကြည့်ရေး

စနစ်၏ တိကျမှန်ကန်သောပုံရိပ်ကိုမြင်တွေ့နိုင်မည်။

JVSG ၏ နည်းပညာဒီဇိုင်းကိရိယာ

JVSG ၏ နည်းပညာဒီဇိုင်းကိရိယာသည် တိကျသောကင်မရာမှန်ဘီလူး၏ focal lengths၊ ကြည့်ရှုနိုင်သည့်

ထောင့်နှင့် pixel သိပ်သည်းဆလိုအပ်ချက်များကို စက္ကန့်ပိုင်းအတွင်းတွက်ချက်နိုင်ပြီး ကင်မရာတည်နေရာ

တစ်ခုချင်းစီအတွက် အကောင်းဆုံးမော်ဒယ်လ်ကိုရွေးချယ်ရာတွင်အထောက်အကူ ပြုသည်။ အဘယ့်ကြောင့်

ဆိုသော် Wisenet ကင်မရာများ၏အဓိကအင်္ဂါရပ်များဖြစ်သော ကင်မရာ resolution နှင့် IR Illumination

အကွာအဝေးတို့မှာပရိုဂရမ်တွင် ပေါင်းစည်းထားသော ကြောင့်ဖြစ်သည်။

ဧရိယာတစ်ခုအတွင်းလှုပ်ရှားမှုများကို စစ်ဆေးရန်နှင့်စောင့်ကြည့်ရန်လိုအပ်ခြင်းရှိမရှိ သို့မဟုတ်

အထောက်အထားပုံရိပ်များကို ဖမ်းယူရန်လိုအပ်ခြင်းရှိမရှိ ပေါ် မူတည်၍ တပ်ဆင်ထားသောကင်မရာများသည်

အသုံးပြုသူတစ်ဦး၏ လုပ်ငန်းလည်ပတ်မှုလိုအပ်ချက်များနှင့်  ကိုက်ညီမှုရှိမရှိ JVSG System Design Tool

ကညွှန်ပြလိမ့်မည်။ထို့ပြင် ကင်မရာများ၏ bandwidth အသုံးပြုမှုနှင့်သက်ဆိုင်ရာဗီဒီယိုသိုလှောင်မှု

လိုအပ်ချက်များကိုတွက်ချက်ရန်လည်းအသုံးပြုနိုင်သည်။

Wisenet IP ကင်မရာများနှင့် JVSG System Design Tool ပေါင်းစည်းခြင်း

JVSG ရဲ့အစွမ်းထက်တဲ့ဒီဇိုင်းကိရိယာတစ်ခုနှင့်ကျွန်တော်တို့၏ပေါင်းစည်းမှု အောင်မြင်စွာ ပြီးမြောက်ခဲ့

သည့်အတွက် ကျွန်တော်တို့ဝမ်းသာပီတိဖြစ်ရပါသည်။ ဒါက CAD ရေးဆွဲထုတ်လုပ်မှု၏ လိုအပ်ချက်ကို

ထိရောက်စွာအစားထိုးပြီး ရှုပ်ထွေးတဲ့တွက်ချက်မှုတွေလုပ်ဖို့လိုအပ်သည့်အချိန်ကို နည်းစေသည်”ဟု Hanwha

Techwin Europe ၏ကုန်ပစ္စည်းနှင့်စျေးကွက်ရှာဖွေရေးဌာနမှူး Uri Guterman ကပြောကြားခဲ့သည်။

အကြံပေးများ၊ နည်းစနစ်ဒီဇိုင်နာများ၊ထုတ်ကုန်သတ်မှတ်ချက်များနှင့် နည်းစနစ် ပေါင်းစည်းသူများသည်

ကင်မရာ၏သတ်မှတ်ချက်များနှင့် ၄င်းတို့ကိုဒီဇိုင်းရေးဆွဲသူ၏ အဆိုပြုချက်များတင်သွင်းရန်လိုအပ်သောအချိန်

ကိုလျှော့ချနိုင်ခြင်းဖြင့် အကျိုးဖြစ်ထွန်းလိမ့်မည်”ဟု လည်းထပ်မံ ပြောကြားသည်။

Uri Guterman က“ Hanwha Techwinမှာအကောင်းဆုံးနှင့်အရည်အသွေးမြင့်ထုတ်ကုန်များ မလုံလောက်

သည်ကိုကျွန်တော်တို့အပြည့်အဝနားလည်သည်။ ကျွန်တော်တို့၏ကင်မရာများအား တပ်ဆင်ခြင်း၊ အသုံးပြု

ခြင်းနှင့်ထိန်းသိမ်းခြင်းတို့ကို လွယ်ကူစေရန်နည်းလမ်းများအား အဆက်မပြတ် ရှာဖွေခြင်းဖြင့် လည်း Wisenet

အမှတ်တံဆိပ်ကိုတန်ဖိုးထားရန်လိုအပ်သည်။ ”ဟုပြောကြားခဲ့သည်။

“ကမ္ဘာအနှံ့ကျော်ကြားသောဗွီဒီယိုစောင့်ကြည့်ရေးထုတ်ကုန်များထုတ်လုပ်သူ Hanwha Techwin နှင့်နည်း

ပညာမိတ်ဖက်အဖြစ်ကုမ္ပဏီတစ်ခုထူထောင်ခြင်းကိုကျွန်ုပ်တို့၀မ်းသာသည်”ဟု JVSG ၏တည်ထောင်သူ Max

Shumeyko က ပေါင်းစည်းမှု၏အောင်မြင်မှုကိုမှတ်ချက်ပေးခဲ့သည်။

“ Wisenet ကင်မရာအကွာအဝေးကို ကျွန်တော်တို့၏ ဒီဇိုင်းကိရိယာနှင့်ပေါင်းစပ်ခြင်းဖြင့် သုံးစွဲသူများကိုအချိန်

များစွာသက်သာစေပြီး IP ကွန်ယက်ဗီဒီယိုစောင့်ကြည့်ရေးကင်မရာဒီဇိုင်းနှင့် ပုံမှန်အားဖြင့်ဆက်နွယ်နေ

လိမ့်မည်”ဟု Max ကထပ်ဆောင်းပြောကြားခဲ့သည်။