Linehouse transforms Shanghai swimming pool into office space

  • by

ဒီဇိုင်းစတူဒီယို Linehouse သည် ရှန်ဟိုင်းရုံးအဆောက်အအုံ၏ ရေကူးကန်အား အပြာရောင်ဗီနိုင်း၊

မက်မွန်ရောင် သားရေနှင့် အလင်းရောင်ရှိသောသစ်သား palette ကို အသုံးပြု၍ နောက်ထပ် အလုပ်နေရာ

တစ်ခုအဖြစ်ပြောင်းလဲခဲ့သည်။ရေကူးကန်သည် Jing’An Kerry စင်တာရှိ ရုံး၀န်ထမ်းများအတွက် ၂၀၁၃ ခုနှစ်

တွင်တည်ဆောက်ခဲ့ကာ ဗိသုကာလုပ်ငန်း Kohn Pedersen Fox မှဒီဇိုင်းရေးဆွဲခဲ့သောရှန်ဟိုင်း Jing’An ခရိုင်

ရှိ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ရေကူးကန်၏ အတွင်းပိုင်းသည် ကြီးမားသောထိုင်ခုံနေရာများ အဖြစ်သို့ပြောင်းလဲသွားသည်။

ရေကူးကန်ကိုမကြာခဏသုံးလေ့မရှိသောကြောင့် ဒေသခံ စတူဒီယို Linehouse ကို

ထိုအခန်းနေရာ အား အနည်းငယ်လက်တွေ့ကျသောနေရာအဖြစ်ပြောင်းလဲရန်တောင်းဆိုခဲ့သည်။

၎င်းသည် ၀န်ထမ်းများအလုပ်လုပ်နိုင်သည့်နေရာများ သို့မဟုတ် တစ်နေ့တာအတွင်း ဖောက်သည်များနှင့်

အလွတ်သဘောတွေ့ဆုံခြင်းများကို ပြုလုပ်နိုင်သည်။ ဖွံ့ဖြိုးတိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်းများသည်

ထိုအခန်းကို events များ သို့မဟုတ် ဆွေးနွေးမှုများအတွက်အသုံးပြုရန် ရွေးချယ်နိုင်သည်။

ယခင်ရေကူးကန်၏အတွင်းပိုင်းတွင်အပြာရောင်ဗီနိုင်းလိုင်းများကညှပ်ထားသည်။

အခန်း၏ အဓိကအချက်အချာမှာ ရေကူးကန်ဖြစ်သော်လည်း ရေများမှုတ်ထုတ်ပြီး Tarkett မှ အပြာရောင်

ဗီနိုင်းဖြင့်ဖုံးအုပ်ထားသည်။ Linehouse ၏တွဲဖက်တည်ထောင်သူ အဲလက်စ်မော့ခ်က”ပုံမှန်အားဖြင့် ပြုပြင်ခွင့်

မပြုသည့်  ရှိပြီးသားအတွင်းပိုင်းနေရာများကို အဆင့်လိုက် ပြန်လည်ပြုပြင် ခြင်းသည် အလွန်ကောင်းမွန်သော

အခွင့်အလမ်းတစ်ခုဖြစ်သည် “ဟု Dezeen သို့ပြောကြားခဲ့သည်။

ရေကန်၏ဘေးတွင် ကပ်လျက်ထိုင်ခုံများအဖြစ် နှစ်ဆမြှင့်ထားပြီး ပန်းရောင်ကူရှင်များဖြင့် ဖြည့်ထားသည်။

မက်မွန်ရောင် သားရေဖြင့်ပြုလုပ်ထားသောစက်ဝိုင်းခြမ်းပုံထိုင်ခုံ ကိုရေကန်၏အစွန်ဆုံးတွင်ပြုလုပ်ထားသည်။

ရေကူးကန်အထက်တွင်တည်ရှိသော ကြီးမားသောဘဲဥပုံ ကောင်းကင်မြင်ကွင်းကိုဆက်လက်

ထားရှိရန် စတူဒီယိုကဆုံးဖြတ်ခဲ့သည်။ ထို ကောင်းကင်မြင်ကွင်း၏ ပတ်ပတ်လည်တွင် မီးဆိုင်းများ

ချိတ်ဆွဲထားပြီး ပိုလင်းသော သစ်သားများကိုအသုံးပြုထားသည်။ 

အကယ်၍ အလုပ်သမားများအနေဖြင့်ဖုန်းခေါ်ဆိုရန် လိုအပ်ပါကအခန်းအစွန်ရှိသီးသန့်နေရာတွင်ပြောနိုင်သည်။

ထိုသီးသန့်နေရာအတွင်းတွင် Calico မှ အရွက်ပုံနှိပ်ထားသောနောက်ခံပုံများဖြင့် စီခြယ်ထားသည်။

ရေကူးကန်၏ ပြောင်းလဲပြီးသောနေရာများတွင် ဖန်တီးခဲ့သောအစည်းအဝေး ခန်းမများ၌ မြစိမ်းရောင် အခန်းနံရံ

များ ဖန်တီးထားသည်။

Linehouse ကို ၂၀၁၃ ခုနှစ်တွင် Alex Mok နှင့် Briar Hickling တို့ကတည်ထောင်ခဲ့သည်။ ဤရေကူးကန်

သည် စတူဒီယို၏ ပထမဆုံးပြောင်းလဲခြင်းစီမံကိန်းမဟုတ်ပါ။ ပြီးခဲ့သည့်နှစ်က စွန့်ပစ်ထားသော

စက်ရုံ၏အစိတ်အပိုင်းတစ်ခုအား အတွင်းတွင် ဧည့်သည်များ သောက်စရာများကို ပျော်ပျော်ရွှင်ရွှင် သောက်သုံး

နိုင်သည့် teahouse အဖြစ် ပြောင်းလဲခဲ့သည်။