Why 2021 is the year you should sign up for an Interior Design degree

  • by

ကူးစက်ရောဂါကြောင့်ကျွန်ုပ်တို့၏ဘဝများပြောင်းလဲခဲ့ရသည်။ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ရမည်ဖြစ်ပြီး

တယောက်နှင့်တယောက် ခပ်ခွာခွာနေရန် လိုအပ်သည်။ တကိုယ်ရည်သန့်ရှင်းရေးသည် လည်း ဘ၀တွင် အရေး

ပါလှသည်။ ကျွန်ုပ်တို့၏အိမ်များသည် အလုပ်လုပ်ရန်၊ အနားယူရန်၊ လေ့ကျင့်ရန်၊ ကျောင်းတက်ရန်နှင့် ၀ယ်ခြမ်း

စရာနေရာ တစ်ခုဖြစ်လာသည်။ ထိုအရာများကြောင့် အတွင်းပိုင်းဒီဇိုင်းများသည် ရေပန်းစားပြီး ကြီးမားသော

ပြောင်းလဲမှုဖြစ်လာရခြင်းသည် အံ့သြစရာမဟုတ်ပါ။

စီးပွားရေးကျဆင်းမှုနှင့်အတူအတွင်းပိုင်းဒီဇိုင်းလုပ်ငန်းသည် ကျရောက်လာသော သက်ရောက်မှုများကို မျှတစွာ

ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သို့သော်သတင်းကောင်းအချို့လည်းရှိသည်။ ကမ္ဘာ့အနှံ့မှ ဒီဇိုင်း ၀န်ဆောင်မှု

ဈေးကွက်များသည် ၄ ဘီလီယံအထိရောက်ရှိလာနိုင်ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ၇.၈% အထိ တိုးတက်

လာနိုင်သည်။ တရုတ်သည် ၁၁.၉% ဖြင့် တိုးတက်လာမည်ဟုခန့်မှန်းထားသည်။ ဂျပန်နှင့်ကနေဒါတို့သည် ၄.၂%

နှင့် ၇% အသီးသီးတိုးတက်လိမ့်မည်ဟုခန့်မှန်းခဲ့သည်။ ဂျာမနီသည် ခန့်မှန်းခြေ အားဖြင့် 5.1% တိုးတက် ရန်

သတ်မှတ်ထားသည်။ အမေရိကန်ကဲ့သို့သောဖွံ့ဖြိုးပြီးနိုင်ငံများတွင်ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမို

ဆောက်လုပ်ခြင်းသည် ဒီဇိုင်းနှင့်ဗိသုကာ၀န်ဆောင်မှုများပိုမိုလိုအပ်လာနိုင်သည်။ ပိုမိုချမ်းသာလာသည်နှင့်အမျှ

အိမ်အသစ်များကို ဝယ်ယူပြီး လက်ရှိနေရာများကိုလည်း အမြဲတမ်းပြန်လည်ပြုပြင်မွမ်းမံကြသည်။ မီးဖိုချောင်မှ

ရေချိုးခန်းနေရာများ အထိ အိမ်တွင်းရုံးခန်းများနှင့် စာကြည့်ခန်းများကိုစိတ်ကြိုက် ပြုပြင်နိုင်သောနည်းများ

ယခုနောက်ပိုင်း ပိုမိုရေပန်းစားလာသည်။

IKEA သို့မကြာခဏ ခရီးထွက်ရတာကြိုက်သော ကျောင်းသားများအတွက် အရောင်းပြခန်း ပြပွဲ၏ အတွင်းပိုင်း

ဒီဇိုင်းသည် နောက်တစ်ဆင့်အတွက် အကောင်းဆုံးတိုးတက်မှုဖြစ်လိမ့်မည်။ ကိုယ်ပိုင်အရောင်းပြခန်းများအား

မည်သို့ ဖန်တီးရန်၊ Customer များနှင့် မည်သို့ဆက်ဆံရန်   နှင့်လူသားတို့၏ ကျန်းမာချမ်းသာရေးနှင့်ဘေးကင်း

ရေးကိုမည်သို့ဖန်တီးရန်စသည့် နည်းပညာဆိုင်ရာဗဟုသုတများကို သင်ယူနိုင်သည်။

စက်မှုလုပ်ငန်းသို့ ၀င်ရောက်ရန်စီစဉ်သူများအတွက် ပျမ်းမျှ အိမ်အတွင်းပိုင်းဒီဇိုင်းနာ များသည် တခြားလုပ်ငန်း

နယ်ပယ်မှကျွမ်းကျင်ပညာရှင်များဖြင့် ယှဉ်လျှင် ပျှမ်းမျှ US$50,224,အမြင့်ဆုံးလစာထဲမှတစ်ခု ကို ရရှိသည်။

လန်ဒန်အနုပညာတက္ကသိုလ် BA (Hons) အတွင်းပိုင်းဒီဇိုင်းမှ ဘွဲ့ရများသည် အရည်အသွေး ပြည့်မှီသော

အလုပ်ရုံတွင်သာမက ၂ နှစ် အတွင်း တိုက်ရိုက်စီမံကိန်းများတွင်လည်း ဆောင်ရွက်ရသည်။ အကြီးစား

အတွင်းပိုင်းပြင်ဆင်မှုစီမံကိန်းတွင် ၃ နှစ် အတွင်း အပြီးသတ်ဆောင်ရွက်ရန် အတွင်းပိုင်း အနေအထားရှုထောင့်

အားလုံး ကို ဆန်းစစ်ရသည်။

Sydney နှင့် Melbourne တွင်တည်ရှိသည့် Whitehouse ဒီဇိုင်းဌာနမှ လူနေအိမ်များ၊ အလုပ်ရုံများ တွင်ပါဝင်

သော အတွင်းပိုင်းအလှဆင်ခြင်းများနှင့်ပတ်သက်သည့် ဒီဇိုင်းဘွဲ့ ကိုပေးအပ်သည်။ New York ကျောင်းရှိ

အတွင်းပိုင်းဒီဇိုင်းဌာနသည် ဗိသုကာအလုပ်ရုံ၊ ပရိဘောဂ ဒီဇိုင်း၊ မီးဖိုချောင်နှင့် ရေချိုးခန်း ဒီဇိုင်းများ ပါဝင်သည့်

စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို သင်ကြားသည်။ဤသည်သာမက ကျောင်းသားများသည်

ပိုမိုကောင်းမွန်သော ပညာရေးဖြစ်စေရန် ပြင်သစ် သို့မဟုတ် အီတလီ တွင် မဖြစ်မနေ သင်တန်းတက်ရန်လိုအပ်

သည်။