2021’s Hottest Design Trends According to Experts

  • by

၂၀၂၀ ခုနှစ်တွင်ကျွန်တော်တို့အားလုံးသည် အိမ်တွင်အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။နှစ်သစ်သို့ ကူးပြောင်းသွား

သောအခါတွင်လည်း အိမ်တွင်အမြဲနေထိုင်ခြင်းသည် အနဲငယ်ရှည်ကြာလိမ့်ဦးမည်မှာ ဧကန်ပင်ဖြစ်သည်။

ဆိုလိုသည်မှာ သင်နေထိုင်ရာနေရာကို ပြောင်းလဲရန်စဉ်းစားရမည့်အချိန်ကောင်း ဖြစ်သည်။

အိမ်တွင်းအလှဆင်ဒီဇိုင်းများရေပန်းစားခြင်းသည် အမြဲတမ်းပြောင်းလဲနေသော်လည်း COVID-19 ကမ္ဘာလုံး

ဆိုင်ရာကူးစက်ရောဂါသည် အလုပ်လုပ်သောနေရာတစ်ခုတည်ဆောက်ခြင်းနှင့် အပြင်ဘက် တွင် ဆူညံမှုများရှိ

သော်လည်း တည်ငြိမ်အေးချမ်းမှုကိုဖန်တီးပေးခြင်း ဟူသောအဓိကအကြောင်းအရာ နှစ်ခုကို ကျွန်ုပ်တို့အား

အာရုံစိုက်စေသည်။

Go Blue or Go Home 

ရိုးရှင်းသောအပြာရောင်အားယခုနှစ် 2020 ၏ Pantone အရောင်အဖြစ်သတ်မှတ်ထားပြီး အတွင်း ပိုင်းအလှ

ဆင်ဒီဇိုင်နာ Vikki Long ကအပြာရောင်သည် နှစ်သစ်တွင်ကောင်းမွန်စွာနေနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်

ဟုပြောကြားခဲ့သည်။အထူးသဖြင့်အပြာရင့်ရောင်နှင့်နက်ပြာရောင်များကိုတွေ့မြင်နိုင်လိမ့်မည်ဟုသူမက

ဆိုသည်။ အချို့သော အပြာရောင်များသည် စိတ်ဓာတ်ကျစေနိုင် သောကြောင့် သတိထားရန်နှင့် အဝါရောင်

သို့မဟုတ်ရွှေရောင်ကဲ့သို့ လင်းသောအရောင်များကို အသုံးပြုရန် သူမကပြောခဲ့သည်။ နံရံများအားအပြာရောင်

ကဲ့သို့နူးညံ့သောအရောင်များကို ဆေးသုတ်ခြင်းသည် အခန်းများအား စိတ်အပန်းဖြေသည့် နေရာအဖြစ်သို့

ချက်ချင်းပြောင်းလဲသွားသည်။ 

Let Light In

ပြတင်းပေါက်များကိုဖွင့်ပြီး  ထူထဲသောခန်းဆီးလိုက်ကာများကို ဖယ်ရှားလိုက်ပါ။ ဒီဇိုင်နာ Michelle Martel

က ၂၀၂၁ တွင် အထူးသဖြင့် ဆောင်းရာသီလများတွင် အိမ်အားသဘာဝ အလင်းရောင်ကို တတ်နိုင်သမျှရရှိစေရန်

အာရုံစိုက်ကြလိမ့်မည် ဟုဆိုသည်။ နေရောင်ခြည်ကို ကောင်းမွန်စွာရရှိရန် လိုက်ကာအပါးများ သို့မဟုတ်

ပြတင်းပေါက်အနီးတဝိုက်ကို ရှင်းလင်းစွာထားသင့်ကြောင်းလဲ ပြောခဲ့သည်။သဘာဝအလင်းရောင်သည် လူ၏

ကိုယ်တွင်းရှိ Serotonin ကိုတိုးလာစေရုံသာမကပဲ အခြားသော အကျိုးကျေးဇူးလည်းများစွာရှိပါသည်။

Become a Plant Parent

များစွာသောသဘာဝအလင်းရောင်သည် သင်၏အိမ်ကို အပင်လေးများဖြင့်လှပသော သုခဘုံအဖြစ်သို့

ပြောင်းလဲနိုင်သည့် အကြောင်းပြချက်ဖြစ်သည်။ အတွင်းပိုင်းအလှဆင်ဒီဇိုင်နာ Alvin Wayne ကအပင်

အတု လေးများသည်ယခင်ကအဆင်ပြေခဲ့သော်လည်းယခုနှစ်တွင်အပင်အစစ်များသုံးရန်လိုအပ်သည် ဟုပြော

ကြားခဲ့သည်။ အပင်များသည်  မည်သည့်နေရာတွင်မဆို လှပသည်။ ထို့အပြင်သူတို့သည်လေထုကိုသန့်စင်စေပြီး

စိတ်ကိုကြည်စေသည်။ ကျန်းမာရေးကို လည်းများစွာ အထောက်အကူပြုသည်။

Rethink Formal Rooms

ခြောက်လတစ်ကြိမ်အသုံးပြုနေသော ထမင်းစားခန်းနှင့် ဧည့်ခန်းများကို  နှုတ်ဆက်ပြီး သင်၏လုပ်ဆောင်နိုင်စွမ်း

ကိုအာရုံစိုက်ဖို့အချိန်ကိုရောက်ရှိလာပြီဖြစ်သည်။ ထိုအစားထမင်းစားခန်းကို အိမ်တွင်း ရုံးခန်းအဖြစ် သို့မဟုတ်

ကလေးများစာကြည့်ခန်းအဖြစ် သို့မဟုတ် သင်လွတ်လွတ်လပ်လပ် အနားယူနိုင်သော ဧည့်ခန်းတခု အဖြစ်သို့

ပြောင်းလဲနိုင်သည်။

Make Your Furniture Work Harder

ယခုချိန်တွင်လူတိုင်းသည် အိမ်တွင်သာရှိကြပြီး ၎င်းသည် လက်တွေ့ကျကျနှင့်လှလှပပ ဖြစ်စေရန်အတွက်

နှစ်ဆအလုပ်လုပ်ရန်လိုအပ်သည် ဟု Wayne ကပြောခဲ့သည်။ သင်၏အိမ်အတွက် ပစ္စည်းများကိုစုဆောင်း

သောအခါ သို့မဟုတ် ရှိနှင့်ပြီးသောအရာများကိုလဲလှယ်သောအခါ ဘက်စုံသုံး ပရိဘောဂများကို ရွေးချယ်ခြင်း

သည်မှားယွင်းမှု မရှိနိုင်ပေ။ အထူးသဖြင့် သေးငယ် သောအိမ် သို့မဟုတ် တိုက်ခန်းတွင်နေထိုင်ပါက ဘက်စုံသုံး

ပရိဘောဂသည် လက်ရှိအိမ်တွင်နေနေရသော အခြေအနေတွင် ပြောင်းလဲခြင်းတခုဖြစ်နိုင်သည်။

Keep It Natural

ဒီဇိုင်းပုံစံနှင့်ပတ်သက်၍ Wayne က ၂၀၂၁ ခုနှစ်တွင်သွားသောဆက်စပ်ပစ္စည်းများသည် သဘာ၀ ပစ္စည်းများ

ဖြစ်သည်ဟုပြောခဲ့သည်။ မြေနီရောင်ပန်းအိုးများ၊ စကျင်ကျောက်နှင့်ပြုလုပ် ထားသော ကော်ဖီတင်စားပွဲများ၊

သစ်သားတောင်း နှင့် သစ်သားဖြင့်ပြုလုပ်ထားသော ပရိဘောဂများကို ကပ်ထားပါ။၎င်းတို့အားလုံးသည်

အခန်း၏အနေအထားနှင့်အပူချိန်ကိုပေါင်းစပ်ရန်အတွက်အေးဆေး တည်ငြိမ်သည့်ခံစားချက်ကိုပေးနိုင်သော

သဘာဝကျသည့်ပုံစံကိုဖန်တီးနေသည်။အတွင်းပိုင်းအလှဆင်ဒီဇိုင်နာ Oksana Kreiman က သားရေခေါင်းအုံး

တစ်လုံး၊ သားမွေးထည် သို့မဟုတ် သိုးမွှေးဖြင့်ထိုးထားသော ခေါင်းအုံး သို့မဟုတ် နူးညံ့သောခြေတင်ခုံ ထားရန်

အကြံပြုသည်။  

Welcome Back Wallpaper

Wallpaper သည် မကြာသေးမီနှစ်များအတွင်းလူကြိုက်များမှုမြင့်တက်လာခဲ့သည်။ နံရံကပ် တစ်ခုပြုလုပ်ရန်

သို့မဟုတ် ဗီဒိုများအတွက်ရောင်စုံနောက်ခံများပြုလုပ်ရန် သို့မဟုတ် စင်ပြုလုပ်သည့် တန်းများတွင်

Wallpaper ကိုအသုံးပြုနိုင်သည်။ ပုံမှန်အားဖြင့် ခွာပြီးကပ်ရသော Wallpaper သည် ဌားရမ်းသူများအတွက်

အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး သူတို့၏နေရာကို မကြာခဏ ပြောင်းလဲလိုသောသူများအတွက်လည်း အလွန်

ကောင်းသောဒီဇိုင်းဖြစ်သည်။

Add Pops of Color

Martel က အဝါရောင်ထိုင်ခုံများ သို့မဟုတ် စာအုပ်စင်ကဲ့သို့သောပရိဘောဂများတွင် ကပ်ခွာ Wallpaper

ထည့်သွင်းရန်အကြံပြုသည်။ စိတ်ဝင်စားဖွယ် သုံးလေ့သုံးထ မရှိသော အရောင်စုံများသည် အိမ်ကိုအရောင်

အသွေးများနှင့်လှပစေသည်။

Reimagine Your Kitchen

Kreiman က မီးဖိုချောင် များတွင် ထူးခြားသောနေရာချထားမှုပုံစံများ၊ နိုင်ငံခြားမှလာသော

ပစ္စည်းများ နှင့် ချောမွတ်တောက်ပြောင်နေသော ဥရောပစတိုင်များကိုတွေ့မြင်နိုင်သည် ဟုဆိုသည်။ 

မီးဖိုချောင်သုံး ဗီရိုများ သို့မဟုတ် ဝိုင်ထားသည့်စင်များကိုထူးခြားသောသိုလှောင်မှုစနစ်အဖြစ်ပြန်လည်

နေရာချထားခြင်းအားဖြင့် မီးဖိုချောင်များသည် ‘အိမ်၏ အဓိကနေရာဖြစ်လာပြီး အချို့ကိစ္စရပ်များ

တွင်အနုပညာအဖြစ်ပင် သတ်မှတ်ကြသည်။

Decorate With Graphic Art

၂၀၂၁ သို့ရောက်လျှင်လူတို့သည် အနုပညာလက်ရာများဖြင့်အခန်းတစ်ခန်းကို မည်သို့ ပေါင်းစည်းနိုင်ကြောင်း ပိုမို

အာရုံစိုက်နေကြသည်။ အထူးသဖြင့် ရင့်သောအရောင်ဖြင့် မျက်နှာပုံစံ ဆွဲထားသောအနုပညာတစ်ခုဖြစ်သည်။

ပန်းချီဆွဲရာတွင် အသုံးပြုသည့် အဝတ်စ၊ ပုံနှိပ်မိတ္တူတစ်ခု၊ ခေါင်းဦးတစ်လုံး သို့မဟုတ် ခွက်တစ်ခု စသည်

တို့သည် မည်သည့်နေရာတွင်မဆို လှပစေသည်။