2020 သည်အရာရာအားလုံးအတွက် အဆုံးအဖြတ်ပေးသောနှစ်တစ်နှစ်ဖြစ်ပြီး အထူးသဖြင့် ကျွန်ုပ်တို့အားလုံး
မိမိတို့၏အိမ်များတွင်သာနေထိုင်ရသောနှစ်လည်းဖြစ်သည်။ ကူးစက်ရောဂါများ ဖြစ်ပွားခြင်းကြောင့် မိမိတို့၏
အိမ်တွင် စာကြည့်ခန်းများ၊ အိမ်တွင်းရုံးခန်းများ၊ အားကစားလုပ်သည့် နေရာများကို သိသိသာသာပြောင်းလဲရန်
ဖန်တီးနေကြသည်။
သင်အိမ်အသစ်သို့ပြောင်းရွှေ့သည်ဖြစ်စေ၊ သင့်လက်ရှိဆောက်လုပ်ရေးကိုပြန်လည်မွမ်းမံခြင်း၊ သို့မဟုတ်
အနာဂတ်အတွက် DIY စီမံကိန်းများရေးဆွဲခြင်းဖြစ်စေ၊ ပြန်လည်ရောင်းချမည့် တန်ဖိုးအား လက်ရှိထက်ဖြစ်နိုင်
သမျှ မြှင့်တင်ပြီး လှပတင့်တယ်မှုရှိသောတစ်ခုကိုရွေးချယ်ရန်အရေးကြီးသည်။
Modern Farmhouse
Lulu နှင့် Georgia ရှိ Creative and Content မန်နေဂျာ Kelley Mason ၏အဆိုအရ လူအများစုက ဤပုံစံ
ကို မနှစ်သက်ရခြင်း အကြောင်း၏အစိတ်အပိုင်းမှာ ယေဘူယအားဖြင့် စနစ်တကျဖွဲ့စည်းထားသော ခေတ်မီ
လယ်ယာမြေ ပုံစံတိုက်ခန်းနှင့်တူသည့် နေရာများတွင် အနဲငယ် စနစ်မကျခြင်းကြောင့်ဖြစ်သည်။သူက“ နံရံ
ဆေးသုတ်ခြင်း၊ တံခါးချပ်ကြီးများ နှင့်ခေတ်မီလယ်ယာအိမ်ပုံစံ၏ အခြားထူးခြားသော လက္ခဏာများသည်လှပ
နေဆဲဖြစ်သော်လည်းမြို့ပြ တိုက်ခန်းများနှင့်ဆင်ခြေဖုံးအိမ်များတွင်မူ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပါ” ဟုပြော
ကြားခဲ့သည်။
White Kitchens
Artistic Tile ၏တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သော Nancy Epsteinသည်”ဒီပစ္စည်းတွေဟာ
မယုံနိုင်လောက်တဲ့သမိုင်းကြောင်းရှိပြီး အလှဆုံးဒီဇိုင်းရေးဆွဲထားတဲ့နေရာတွေမှာအဓိကနေရာတစ်ခု
ဖြစ်လာသည် “ဟု မှတ်ချက်ပေးခဲ့သည်။
Open Floor Plans
၂၀၂၀ အစပိုင်းတွင် ကြမ်းခင်းဒီဇိုင်းများသည် ပျောက်ကွယ်စပြုလာသည်။ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်
အတွင်းလူများစွာသည် မိမိတို့၏မီးဖိုချောင်၊ အိမ်တွင်းရုံးခန်း၊ကစားခန်းနှင့် ဧည့်ခန်း တို့အား နေရာတစ်ခုတည်း
တွင် မပြုလုပ်သင့်ပေ။ Privacy မရှိခြင်းသည် နောက်ဆုံးတွင် လုပ်ငန်းစဉ် မရှိခြင်းဖြစ်လာသည်။
Jungalow ကိုတည်ထောင်သူ Justina Blakeney ကတံခါးများ၊ ပြတင်းပေါက်များပါသော အခန်းများနှင့်
အချို့သောသီးသန့်အခန်းများလိုအပ်မှုများ ပြန်လည်ပေါ်ပေါက်လာနိုင်သည် ဟု ပြောခဲ့သည်။ “လူများသည်
အခန်းခွဲများထည့်ခြင်း၊ တံခါးများထပ်ဖြည့်ခြင်း စသည်ဖြင့် သီးသန့် တည်ရှိမှု ကိုထပ်ဖြည့်ရန် အဖြေတစ်ခုရှာ
ခြင်းဖြင့်အဆုံးသတ်တော့မည်ထင်သည်”ဟု Danielle Blundell ကပြောခဲ့သည်။
နောက်ဆုံးတွင် ပိုမိုသက်တောင့်သက်သာဖြစ်စေရန် ပိတ်ထားသောအပြင်အဆင်များ သည် စံပြဖြစ်လာ
လိမ့်မည်။ လူများသည် privacy အားလိုချင်သောကြောင့် ထိုကဲ့သို့ ခွဲထားခြင်းကို အနည်းငယ် လိုချင်ကြသည်။
ဒါ့အပြင်ရှုပ်ထွေးမှုတစ်ခုဖြစ်စေ မိမိအိမ်တွင်ဖြစ်ပျက်နေသော အခြား အရာများနှင့် အသံများကို ပိတ်ထားရန်
တံခါးတစ်ခုရှိခြင်းသည် တစ်ခါတစ်ရံကောင်းသည်။
Single Purpose Spaces And Furnishings
သင့်မှာအခန်းမရှိဘူးဆိုလျှင် Owens ကဖန်တီးမှုကို အကောင်းဆုံးလုပ်ရန် အကြံပြုပါ သည်။ “သင့်ရဲ့ အိပ်ခန်း
ထောင့်တွင် စားပွဲတလုံးထားပါ သို့မဟုတ် သင့်ရဲ့ ထမင်းစားပွဲတွင် မီးအိမ်လေး တလုံး၊ သင့်ရဲ့ ကွန်ပြူတာ
မျက်နှာပြင်၊ လတ်ဆက်သော ပန်းများ ပြီးတော့ သင် အနှစ်သက်ဆုံး ပစ္စည်း များထား၍ အိမ်တွင်းရုံးခန်းတခု
အဖြစ်သို့ ပြောင်းလဲပါ။လှပပြီး သေသပ်သော နေရာသည် ကျွန်တော်တို့ အမြင်တွင် ပိုမိုသော ကုန်ထုတ်စွမ်းအား
ကိုဆိုလိုသည်”ဟု Society Social ၏ တည်ထောင်သူနှင့်ဖန်တီးမှုဒါရိုက်တာ Roxy Te Owens ကပြောကြား
သည်။
Fast Furniture
အသုံးပြုရန် ကောင်းမွန်စွာ မပြုလုပ်ထားသော တန်ဖိုးနည်းသည့် ပရိဘောဂများနှင့် အသုံးအဆောင် ပစ္စည်း
များ၏ ဆွဲဆောင်မှုသည် ကျဆင်းလျက်ရှိသည်။ကျွန်တော်တို့၏ အခန်းများသည် နေ့စဉ် ဘက်စုံအသုံးပြု
နေသည်ကို တွေ့မြင်ရပြီး လူတို့သည် နေရာထိုင်ခင်းများကို လိုက်လျောညီထွေ ပြောင်းလဲပြုပြင်နိုင်အောင်
ဆောင်ရွက်နေကြသည်။ ဤနေရာများကိုဖန်တီးသော ပရိဘောဂများသည် ကွဲပြားခြားနားသည့်အချိန်တွင်
လည်း နည်းအမျိုးမျိုးဖြင့်ပြုလုပ်နေကြသည်” ဟု Mitchell Gold + Bob Williams မှဒီဇိုင်းဥက္ကဌ Bob
Williams ကပြောသည်။
ပိုမိုကောင်းမွန်သော အစိတ်အပိုင်းများကို ရွေးချယ်ရာတွင် အရည်အသွေးထက် ကြာကြာ ခံစေခြင်းက ပိုမို
ကောင်းမွန်သည်ဟု Williams ကယုံကြည်သည်။ လူတို့သည် သူတို့၏ အခန်းထဲတွင် ရှိသောပစ္စည်းများကို ကြာ
ကြာခံအောင် ပြုလုပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏အခိုက် အတန့်များနှင့် အမှတ်တရများ
စွာသည် ထိုနေရာတွင်ရှိသောကြောင့်ဖြစ်သည်။
Neutrals
ဒီဇိုင်းဆိုသည်မှာ စူးစမ်းရှာဖွေခြင်း၊ စမ်းသပ်ခြင်းနှင့် ကျွန်ုပ်တို့၏ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်ခြင်း
ဖြစ်သည်။ Smith သည်အနုပညာနှင့်အတူ ကြွေပန်းအိုးများနှင့်အလှဆင်သေတ္တာများကို အလှဆင်သည့် ပစ္စည်း
များမှတစ်ဆင့်အရောင်ကိုမိတ်ဆက်ပေးရန်အကြံပြုထားသည်။”၂၀၂၁ သည်ပလတ်စတစ်နှင့်လူလုပ်ပစ္စည်းများ
ကိုအသုံးပြုခြင်းသည်သဘာဝနဲ့အော်ဂဲနစ်ဆိုင်ရာပစ္စည်းများအသုံးပြုခြင်းထက် နည်းသွားတာကိုတွေ့ရ
လိမ့်မည်” ဟု Martial ကပြောကြားခဲ့သည်။ ၎င်းသည်ရေရှည်တည်တံ့ခိုင်မြဲမှု နှင့်ပတ်သက်သောကြောင့် လူ
များသည်ကျောက်များ၊ သစ်သားများ၊ သဘာဝအထည်များနှင့် သဘာဝ အရောင်များကိုပိုမိုကြိုက်နှစ်သက်ကြ
လိမ့်မည်။အပင်များအားကြည့်ရှုစောင့်ရှောက်ရခြင်း ကို မနှစ်သက်သောသူများ အတွက် preserved flower
များက အဖြေဖြစ်သည်။ ၎င်းသည် ပုံမှန် အားဖြင့် လက်ဆတ်သည်ဟုထင်ရသော အခြောက်ခံထားသည့် ပန်း
များဖြစ်သည်။
Slipcovers For Sofas And Chairs
အထည်အလိပ်နည်းပညာ တိုးတက်လာသည်နှင့်အမျှ နေရာထိုင်ခင်းများ၏အစွပ် များသည်အသစ်အဆန်း
မဟုတ်တော့ပါ။High Fashion Home ၏ပူးတွဲတည်ထောင်သူ Dolley Frearson က “ဤပရိဘောဂပုံစံမျိုး
သည် ခေတ်ကုန်သွားပြီဟုယုံကြည်သည်”ဟုဆိုသည်။ အဆင့်မြင့် နည်းပညာဖြင့် ချုပ်လုပ်ထားသော ပရိဘောဂ
အများစုတွင် Crypton ကဲ့သို့သော အစွန်းအထင်းခံသည့် အထည် များအသုံးပြုလျှင် အိမ်ရှင်များသည် လျှော်
ဖွတ်ရသော အစွပ်များကို လိုအပ်တော့မည် မဟုတ် ပေ။ ဤအဆင့်မြင့်သောအထည်များသည် မယုံနိုင်လောက်
အောင်ကြာရှည်စွာ ခံနိုင်ပြီး ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များမှအစားအစာများ၊ သောက်စရာများနှင့်အခြား
သော အစွန်းအထင်းမျာကိုလည်းခံနိုင်သည်။
Terrazzo
နှစ်ပေါင်းများစွာရေချိုးခန်းနှင့်မီးဖိုချောင်မှ terrazzo ကြွေပြားများသည်၊ ထူးခြားသော အသွင်အပြင်ကိုဖန်တီး
ရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။ Semihandmade ရှိ စျေးကွက် ရှာဖွေရေး ဒုတိယဥက္ကဋ္ဌ Molly
McDermott Walsh ၏အဆိုအရ ဤပုံစံသည် ခေတ်မမှီ စပြုလာပြီဖြစ်သည်။
Mid Century Modern
ရာစုနှစ်အလယ်ပိုင်းခေတ်ပုံစံများသည် ပြန်လည်ခေတ်စားလာသည်။ အတွင်းပိုင်း အလှဆင် ဒီဇိုင်နာ
Alexander Doherty က “ဤပုံစံသည် ပိုပြီးစိတ်ဝင်စားစရာကောင်းသော အပိုင်း များကိုပြသနေသည်” ဟု
ဆိုသည်။ ၁၉၃၀ နှင့် ၁၉၄၀ ပြည့်နှစ်များဆီသို့ ပြောင်းသွားသော ရာစုနှစ်အလယ်ပိုင်း တွင် လူကြိုက်များသည့်
အတွင်းပိုင်းဒီဇိုင်းပုံစံများသည် brown ပရိဘောဂများအဖြစ်သို့ ပြန်လည် ရောက်ရှိလာသည်ကို တွေ့မြင်သည်။
Dark Colors
လူများစွာသည် ၂၀၂၁ တွင် ဆက်လက်အလုပ်လုပ်ကြမည်ဖြစ်ပြီး ဘက်စုံသုံးခန်းများသည် မရှိမဖြစ်လိုအပ်
သည်။ မှောင်သောအရောင်များသည် နေရာအသုံးပြုမှုကို အလင်းရောင်မပါလျှင်တောင်မှ ကန့်သတ်ထားနိုင်ပြီး
မှောင်သောအခန်းများသည် လိုက်လျောညီထွေမှုနည်းပါးသည်။ အကယ်၍ ကြီးမားသော အိမ် (သို့) အခန်း မရှိ
လျှင် အရောင်လင်းသော ပရိဘောဂများ၊ အသုံးအဆောင်များ၊ သုတ်ဆေးများကို အသုံးပြုခြင်းသည် ပိုကောင်း
သည်။